နောင်ချိုမြို့နယ်၌ ကြက်ခြေနီရှေးဦးပြုစုနည်း(အခြေခံ) မွမ်းမံသင်တန်း(၁/၂၀၂၃)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်၌ ကြက်ခြေနီရှေးဦးပြုစုနည်း(အခြေခံ) မွမ်းမံသင်တန်း(၁/၂၀၂၃)ဖွင့်လှစ်





MNP ၊ မတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ကြက်ခြေနီရှေးဦးပြုစုနည်း(အခြေခံ)သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်မောင်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကြက်ခြေနီမြို့နယ်အသင်းဥက္ကဋ္ဌ ဒေါ်သီတာစုက သင်တန်းသားများအနေဖြင့်  မွမ်းမံသင်တန်း၌ ပို့ချမှုများအား စွမ်းစွမ်းတမံဖြစ်အောင် ကြိုးစာကြစေလိုကြောင်းနှင့် အသင်းဒုတိယဥက္ကဋ္ဌဒေါ်လှလှဝင်းက ကြက်ခြေနီတပ်ဖွဲ့ဝင်များအနေဖြင့် လူမှုကူညီရေး လုပ်ငန်းများတွင် မတော်တဆမှုများနှင့် ဘေးအန္တရာယ်ဆိုင်ရာများ ကြုံတွေ့လာပါက ပရဟိတအဖွဲ့များနှင့် ကျွမ်းကျင်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ရှေးဦးပြုစုနည်း မွမ်းမံသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက ကြက်ခြေနီတပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းတွင်ပို့ချသည်များကို စိတ်ပါဝင်စားစွာ ကြိုးစားသင်ယူပြီး လုပ်ငန်းခွင်တွင် အကျိုးရှိစွာ အသုံးချကြရန်နှင့် ပြည်သူများအားကိုးရသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဖြစ်အောင် ကျင့်ကြံကြိုးစားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။


ထို့နောက် ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဦးဇော်ဇော်မင်းက လူနာဆန်းစစ်ခြင်းနှင့် အခြေခံအသက်ကယ်အထောက်အကူပြုနည်းများကို သရုပ်ပြသ သင်ကြားပေးခဲ့ပြီး သင်တန်းကို မတ်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၄ ရက်ကြာ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထွေးငယ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)