တာမွေမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာ (မူလတန်း) ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာ (မူလတန်း) ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲကျင်းပ





MNP ၊ မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ဆရာ/ဆရာမများအား အခြေခံပညာ (မူလတန်း) ဘာသာရပ်များကို သင်တန်းနည်းပြများနှင့်အတူ ပူးပေါင်းပါဝင် ဆွေးနွေးနိုင်စေရန်နှင့် သင်တန်းနည်းပြ များမှ ဦးဆောင်၍ သင်ကြားရေးတွင် ကျောင်းသားဗဟိုပြုနည်းဖြင့် ပါဝင်ဆွေးနွေးနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာ (မူလတန်း) ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ဇွဲခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူခိုင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာ (မူလတန်း) ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ခဲ့ပြီး အခြေခံပညာ (မူလတန်း) ဘာသာရပ်များအလိုက် ဆွေးနွေးခြင်းကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာ (မူလတန်း) ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲ တွင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းကျောင်းအုပ်ကြီးများ၊ မူလတန်းပြများ၊ ဒုတိယ မူလတန်းပြများ၊ လက်ထောက်မူလတန်းပြများနှင့် မြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာ ရေးကျောင်းများ၊ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)တို့မှ သင်တန်းသား/သူ ဆရာ/ဆရာမများ စုစုပေါင်း (၁၅၂)ဦးတို့က ၂၀၂၃-ခုနှစ် မတ်(၂၈)ရက်နေ့မှ မတ်(၃၁)ရက်နေ့အထိ KG သင်ရိုးညွှန်းတမ်းဖွဲ့စည်းပုံ၊ သင်ယူဖွံ့ဖြိုးမှု နယ်ပယ်များ၊ ကလေးဗဟိုပြု ချဉ်းကပ်နည်းများ၊ ကစားခြင်းဖြင့် သင်ယူနည်းများ၊ အခြေခံပညာ (မူလတန်း) ဘာသာ ရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံနှင့် လူမှုရေး ဘာသာရပ်များ၏ သင်ခန်းစာ ဖွဲ့စည်းပုံ၊ သင်ကြား နည်းများ၊ စစ်ဆေးအကဲဖြတ်ခြင်းများကို အသေးစိတ် ရှင်းလင်းဆွေးနွေးသွားကြမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများ၏ သင်ကြား၊ သင်ယူမှု အရည်အသွေး မြင့်မားပြီး  အရည်အချင်းရှိသည့် ပညာရေးတစ်ရပ် ဖြစ်ထွန်း လာစေရေးအတွက် ဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)