ကျိန္တလီမြို့ အ.ထ.က ကျောင်းစာစစ်ဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ အ.ထ.က ကျောင်းစာစစ်ဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး





MNP   -   မတ်   ၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.ထ.က ကျောင်းစာစစ်ဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ကျိန္တလီနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၁၀နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ကျိန္တလီနယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးခင်မောင်ညိုက ဦးဆောင်၍ တပ်ဖွဲ့ဝင်များက အ.ထ.က ကျောင်းစာစစ်ဌာန၌ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် ကျောင်းသား/သူများအား အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လျှပ်စစ်ဝါယာကြိုးများအား အရည်အသွေးကောင်းမွန်ခြင်းရှိ/မရှိ၊ မီးခလုပ်များ၊ မီးသီးများကို စနစ်တကျ ရှိစေရန်နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့် မတော်တဆ မီးလောင်မှု ဖြစ်ပွားပါကလည်း ကျိန္တလီမြို့၊ နယ်မြေမီးသတ်စခန်းသို့ အမြန်ဆုံးဆက်သွယ် ဆောင်ရွက်ပေးကြရန်တို့ကို ကွင်းဆင်းစစ်ဆေး လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)