- MyanmarNationalPost

MyanmarNationalPost

News Agency

Breaking





MNP ၊ မတ်  ၁၇

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင်  ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ(၈) ရက်နေ့မှစတင်၍ ဖြေဆိုလျက်ရှိရာ နောက်ဆုံးနေ့သမိုင်းဘာသာရပ်ကိုကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။ 


   မာန်အောင်မြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာန(၂)ခုရှိပြီး သမိုင်းဘာသာရပ်တွင်ဖြေဆိုရန် စာရင်း ပေးသွင်းထားသူ (၂၈၇)ဦးရှိသည့်အနက်လာရောက်ဖြေဆိုသူ(၂၄၇)ဦး၊ပျက်ကွက်သူ(၄၀)ဦးရှိရာ ဖြေဆိုရာနှုန်း(၈၆)ရာခိုင်နှုန်းရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


        အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)