ဘူးသီးတောင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး





MNP   -   မတ်   ၃

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ်ရှိတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဇော်ဝင်းဦးဆောင်၍စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်းကာယနေ့မွန်းလွှဲနေ့လည် ( ၂)နာရီအချိန်ကစာစစ်ဌာန( ၄)ခုတို့၌မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ 


ထို့သို့ ဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဇော်ဝင်းဦးဆောင်၍စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးမှူးဦးစီးအရာရှိဦးထွန်းဝင်းနိုင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်လျှပ်စစ်ဦးစီးမှူးဦးကျော်ခင်နှင့်တာဝန်ရှိသူများက မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် ကျောင်းသား၊ကျောင်းသူများအေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး ၊လျှပ်စစ်မီးသွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများအား အရည် အသွေးကောင်းမကောင်း၊မီးခလုတ်များ၊မီးသီး၊မီးချောင်းများကို စနစ်တကျ မီးငြိမ်းသတ်စေရန်နှင့်မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း  နှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါကမြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ပေးကြရန် စသည့်တို့ကို ကွင်းဆင်းစစ်ဆေးအကြံပြု လမ်းညွှန်မှာကြားခဲ့ကြကြောင်းသိရသည်။ 


ဘူးသီးတောင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၄)ခုဖြင့် ကျင်းပမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၁၃၇၈)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။


လှကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)