သံတွဲမြို့၌ ၂၀၂၃-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ ၂၀၂၃-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ဖြေဆို




MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ် ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂၀၂၃-ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုခြင်းကို  ယနေ့နေ့လယ် ၁၂ နာရီက သံတွဲမြို့ ဘုရင့်နောင်လမ်းရှိ သာသနာ့ဗိမ္မာန်တော်၌ ဖြေဆို ရှိကြောင်းသိရသည်။


ထိုသို့ဖြေဆိုကြရာတွင် သံတွဲမြို့နယ်စာစစ်ဌာန၌ ပထမကြီးတန်း ၊ ဒွေမာတိကာ ဘာသာရပ်တွင် ဖြေဆိုရန်စာရင်းတင်သွင်းထားသည့် ရဟန်းသံဃာ ( ၂)ပါးရှိပြီး  ပျက်ကွက်(၂)ပါး၊ ပထမလတ်တန်း ဒွေမာတိကာ ဘာသာရပ်တွင်  စာရင်းရှိ ရဟန်းသံဃာ ( ၈)ပါးရှိပြီး  ဖြေဆို(၅)ပါး၊ ပျက်ကွက်(၂)ပါး၊ ပထမငယ်တန်း ဘိက္ခုပါတိမောက် ဘာသာရပ်တွင် စာရင်းရှိ (၁၃)ပါး၊ ဖြေဆို(၁၂)ပါး ၊ ပျက်ကွက်(၁)ပါရှိပြီး အခြေပြုမူလတန်းတွင် ဖြေဆိုရန်စာရင်းတင်သွင်းထားသည့် ရဟန်းသံဃာ ( ၂၁)ပါးရှိပြီး  ဖြေဆိုသူ(၁၂)ပါးနှင့်ပျက်ကွက် (၉)ပါးရှိသဖြင့် စုစုပေါင်းဖြေဆိုရန် စာရင်းတင်သွင်းထားသည့် သည့် ရဟန်းသံဃာ (၄၄ )ပါးရှိသည့်အနက် (၂၉)ပါးဖြေဆိုသဖြင့် ပျက်ကွက် (၁၅)ပါးရှိကြောင်း သံတွဲခရိုင်သာသနာရေးဦးစီးဌာနမှသိရှိရသည်။


အဆိုပါ ၂၀၂၃-ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို မတ်လ( ၂၈)ရက်နေ့မှ ဧပြီလ (၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)