MNP - မတ် ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ကျင်းပပူဇော်သည့် ၁၅ ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို ၁၄၅ ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက အဆိုပါစေတီတော်ရှိ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ တိုင်းသံဃာ့ဝန်ဆောင်၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာ ပရိယတ္တိစာသင်တိုက် စာချနာယက သာသနာ ဓဇဓမ္မာစရိယ ဘဒ္ဒန္တပညာလင်္ကာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့နာယက ဦးထွန်းကြည်နှင့် တာဝန်ရှိသူများ ဧည့်ပရိတ်သတ်များ တက်ရောက် ကြည်ညိုကြသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ပြီး တိုင်းသံဃာ့ဝန်ဆောင်၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာ ပရိယတ္တိစာသင်တိုက် စာချနာယက သာသနာဓဇဓမ္မာစရိယ ဘဒ္ဒန္တပညာ လင်္ကာရထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်များက ရတနသုတ်၊ မေတ္တာသုတ်ပရိတ်တရားတော်နှင့် ဘုရားဂုဏ်တော်များကို ရွတ်ပွားပူဇော်ခဲ့ပြီး ဆရာတော် သံဃာတော်များ အား ဦးထွန်းကြည်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းသံဃာ့ ဝန်ဆောင်၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာ ပရိယတ္တိစာသင်တိုက် စာချနာယက သာသနာဓဇဓမ္မာစရိယ ဘဒ္ဒန္တပညာ လင်္ကာရထံမှ ရေစက်ချတရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေခြင်း၊ နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင် ခြင်းများ ပြုလုပ်ခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ၁ ရက်နေ့ အထိ ငါးရက် တိုင်တိုင် ကျင်းပပူဇော်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment