ကြံခင်းမြို့တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အုတ်တွင်း- ရေနံတောင်- ထိန်ပင်မြောင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အုတ်တွင်း- ရေနံတောင်- ထိန်ပင်မြောင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ




MNP ၊ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ (၇၈)နှစ်မြောက်၊ တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အုတ်တွင်း- ရေနံတောင်- ထိန်ပင်မြောင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့နံနက် (၉)နာရီအချိန်က ကြံခင်းမြို့နယ်  အုတ်တွင်းကျေးရွာ   ကွန်ကရစ်လမ်းသစ်တွင် ကျင်းပကြသည်။


ရှေးဦးစွာ လမ်းသစ်ဖွင့်လှစ်ခြင်းကို  ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဇော်ထွန်း၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်တို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းလမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့(၁) ဒု-တိုင်းမှူးဦးကျော်မင်းထူးက ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး၊ ကွန်ကရစ်လမ်းအား ကြည့်ရှုကြသည်။


အဆိုပါ ကွန်ကရစ်လမ်းသစ်ကို ၂၀၂၂-၂၀၂၃ခု   ဘဏ္ဍာရေးနှစ် လမ်းဦးစီးဌာန၊   ကြီးကြပ်ရေး အဖွဲ့(၁)၊   ဧရာဝတီတိုင်းဒေသကြီး မှတာဝန်ယူဆောင်ရွက်ပြီး   ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ် သန်း(၁၃၅.၂၄၅)ဖြင့် ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်း အမျိုးအစားဖြစ်ရာ   အလျား (၀/၃.၄၆)မိုင်၊ အနံ (၁၂'ပေ)၊ မြင့်(၇")ရှိပြီး  ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


ကွန်ကရစ်လမ်းဖွင့်ပွဲသို့   ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဇော်ထွန်း၊ တိုင်းလမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့(၁)  ဒု-တိုင်းမှူးဦးကျော်မင်းထူး၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ကေသီခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဘက်ရဲမြို့ အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြပြီး  မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကြကြောင်း  သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)