MNP - မတ် ၂
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့ရှိ သမ္မာသမ္ဗုဒ္ဓမြို့ဦးစေတီတော်မြတ်ကြီး (လုံးတော်ပြည့်)ရွှေသင်္ကန်းကပ်လှူခြင်း ရေစက်ချပွဲနှင့် ဆဋ္ဌမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနား ကို မတ်လ ၁ရက်နေ့ ညနေ ၃နာရီအချိန်ကမြို့ဦးစေတီတော်ဘုရားဝန်းရှိ မြို့နယ်သံဃနာယကရုံးအတွင်း၌ ကျင်းပသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပြီးမြို့နယ်သံဃာ့သြဝါဒစရိယဆရာတော်ကြီးက သြဝါဒစကားချီးမြှင့်သည်။
ထို့နောက် မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်က မြို့ဦးစေတီတော်ဘုရားကြီးတည်ထားကိုးကွယ်မူတွင်ပါဝင်ဆောင်ရွက်ကြသော ရဟန်း ရှင် လူ ပြည်သူများ ၏သဒ်ဒါတရားနှင့် ဆောင်ရွက်ခဲ့ကြမှုများအားရှင်း လင်း မိန့်ကြားသည်။
ဆက်လက်၍ ကြွရောက်လာသော ဆရာတော်ကြီးများအား လှူဒါန်းဖွယ်ရာများဆပ်ကပ်လှူဒါန်းပြီး၊ သိန်း(၅၀)မတည်အလှူရှင်နှင့် (၁၀)သိန်း မတည်အလှူရှင်များအားမြို့နယ်သာသာနာရေးဦးစီးမှူးက ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ပေးခဲ့သည်။
အစီအစဉ်အရ မြို့၏ကျက်သရေဆောင် သမ္မာသမ္ဗုဒ္ဓ မြို့ဦးစေတီတော်မြတ်ကြီးတည်ထားကိုးကွယ်နိုင်ရေးအတွက် ယခင် ဧရာဝတီတိုင်းဝန်းကြီးချုပ်(ငြိမ်း) ဦးသိန်းအောင်က မြို့၏အရှေ့တောင်ဘက်စွန်းသောင်တိုးမြေတွင် မြေဧရိယာ (၅.၁၂၁)ဧကကို စေတီတော်တည်ထားကိုးကွယ်နိုင်ရေးခွင့်ပြုပေးခဲ့ခြင်းနှင့် အရှင်အရိယဓမ္မသိဒ္ဓိ(ကေလာသ)ဆရာတော်ကြီးမှဦးဆောင်ပံ့ပိုးလှူဒါန်းမူများစွာနဲ့အတူ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များ၏ကူညီဆောင်ရွက်မူများ၊မြို့နယ်ဌာနဆိုင်ရာအသီးသီးမှလူကြီးများ၏ ကူညီပံပိုးပေးမူများ၊မတည်အလှူရှင်များ မြို့ပေါ်ရှိပြည်သူများနှင့်အနီးဝန်းကျင်ရှိကျေးရွာနေပြည်သူများ၏လုပ်အားဒါနလှူဒါန်းမူများစွာဖြင့် ညာဏ်တော်(၈၁)အမြင့်ရှိ ရွှေတိဂုံ ပုံတူစေတီတော်မြတ်ကြီးကို (၆)လအတွင်းတည်ထားကိုးကွယ်နိုင်ခဲ့ခြင်းအတွက်အဘက်ဘက်မှကူညီဆောင်ရွက်ပေးကြသော ရဟန်း ရှင် လူ ပြည်သူများအားစေတီတော်ကြီး၏ ဦးစီးကော်မတီဂေါပကအဖွဲ့လူကြီးများ၏ကိုယ်စား အကျိုးတော်ဆောင်ဦးခင်မောင်ဝင်း ကကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းပြောကြားသည်။
ယင်းအခမ်းအနားကို မြို့နယ်ရှိသံဃာ့သြဝါဒစရိယဆရာတော်ကြီးများ၊ သံဃနာယကအဖွဲ့ဆရာတော်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊အလှူရှင်များ ၊စေတီတော်ကြီး၏ အကျိုးတော်ဆောင်ဂေါပကလူကြီးများ၊ဖိတ်ကြားထားသောဧည့်သည်တော်များအားတက်ရောက်ကြပြီး ညနေ၅နာရီအချိန်ခန့်တွင်အခမ်းနားပြီး မြောက်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment