မင်းဘူးမြို့ စည်ပင်သာယာမြို့မဈေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့ စည်ပင်သာယာမြို့မဈေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများဆောင်ရွက်





MNP ၊ မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ စည်ပင်သာယာမြို့မဈေးကြီးတွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။


ဦးစွာ မင်းဘူးမြို့ စည်ပင်သာယာမြို့မဈေး ဓမ္မာရုံ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးပြောပွဲကို ဆောင်ရွက်ခဲ့ရာ မြို့နယ်စည်ပင်သာအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်က မိသားစုနှင့် လုပ်ငန်းခွင်အခြေပြု မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာအကြောင်း၊ တစ်ခါသုံး ပလပ်စတစ် (ကြွပ်ကြွပ်အိတ်) အသုံးပြုမှုလျော့ချရေး၊ ရေသန့်ဘူးများအစား အခါခါပြန်လည်အသုံးပြု ၍ရသော ဖန်ပုလင်းများ အစားထိုးအသုံးပြုခြင်း အသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင် မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက မြို့မဈေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်မြတ်သူက မူးယစ်ဆေးဝါးအန္တရာယ်နှင့် မီးဘေး အန္တရာယ်ကြောင့် မီးလောင်မှုများဖြစ်ပွားပါက တရားဆွဲအရေးယူခံရနိုင်သည့် ဥပဒေအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြသည်။ ထို့နောက် စည်ပင်သာယာမြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်း ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးတာဝန်ရှိသူများက မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက ရှေးဦးမီးငြှိမ်းသတ် ခြင်းကို အလျှင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်စေရန် လက်တွေ့သရုပ်ပြခြင်း၊ မီးသတ်ဆေးဘူးအား ကိုင်တွယ် အသုံးပုံအဆင့်ဆင့်နှင့် မီးငြှိမ်းသတ်ယာဉ်ကြီးများဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ဆောင်ရွက်နေမှုအား မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ မြို့နယ်စည်ပင်သာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဈေးရောင်း/ဈေးဝယ်များနှင့် ဈေးအနီးနားရှိ ဒေသခံများက လာရောက်ကြည့်ရှုအားပေးပြီး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းအစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မောင်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)