မြဝတီမြို့နယ်တွင် အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့နယ်တွင် အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ


MNP ၊ မတ် ၃၀

မြဝတီကုန်သွယ်ရေးဇုန်အား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရပြီး ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။

မြဝတီမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်နှိမ်နင်းရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယနေ့ည (၃၀.၃.၂၀၂၃) ရက်နေ့ ယနေ့ည ၁၁:၀၀ နာရီ  အထိ  မြဝတီမြို့နယ်အတွင်း အကြမ်းဖက်နှိမ်နင်းရေး မြေပြင်၊ ဝေဟင် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်လျက်ရှိသော အကြမ်းဖက်အဖွဲ့များအား နှိမ်နင်းဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သမား ၁၇ ဦး အထိ အသေဖမ်းဆီးရမိခဲ့ပြီး ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)