MNP - မတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်မှ ဌာနဆိုင်ရာများအား ထောက်ပံ့ပေးအပ်သည့် စားကုန်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်က အဖွင့်အမှာစကား ပြောကြာေခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦညီညီအောင်က မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အခြေအနေများနှင့် ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေး အဖွဲ့များမှ အပြင်စည်းလုံခြုံရေးကို ပူးပေါင်းပါဝင်ရေးနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သည့် အခြေခံစားကုန်များဖြစ်သည့် ကြက်ဥနှင့် ကြက်သွန်နီ များကို စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များက ဌာနဆိုင်ရာ (၃၆)ဌာနမှ ဝန်ထမ်း (၅၅၂)ဦးအတွက် ဝန်ထမ်းတစ်ဦး လျှင် ကြက်ဥ(၁၅)လုံး၊ ကြက်သွန်နီ တစ်ပိဿာနှုန်းဖြင့် စုစုပေါင်း ကြက်ဥ(၈၂၈၀)လုံးနှင့် ကြက်သွန်နီ (၅၅၂)ပိဿာတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment