ဆရာဝန်အဖြစ်မှ နိုင်ငံရေးအသုံးချခံ အကြမ်းဖက်လှုံ့ဆော်သူ အဖြစ်သို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆရာဝန်အဖြစ်မှ နိုင်ငံရေးအသုံးချခံ အကြမ်းဖက်လှုံ့ဆော်သူ အဖြစ်သို့




၂၀၂၀ ရွေးကောက်ပွဲကြီးမှာ NLD ပါတီအနေနဲ့ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စလို့ တပ်မတော်က နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းထိန်းသိမ်းခဲ့ရတဲ့ အခြေအနေပေါ်ပေါက်ခဲ့ပါတယ်။

 

တပ်မတော်အနေနဲ့ မဲမသမာမှုဖြစ်စဉ်တွေအပေါ် ဖြေရှင်းရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့တာလည်း တိုင်းသိ ပြည်သိ ကမ္ဘာသိ ဖြစ်ပါတယ်။ နောက်ဆုံး ဖြေရှင်းဆောင်ရွက်ခြင်းမရှိဘဲ အစိုးရသစ်ဖွဲ့ဖို့၊ တတိယအကြိမ်လွှတ်တော်ခေါ်ယူဖို့ ဇွတ်တိုး လုပ်ဆောင်လာတဲ့ အခြေအနေမျိုးအထိ စောင့်ကြည့်နေခဲ့ကြပြီး နောက်ဆုံးအချိန်၊ နောက်ဆုံးမိနစ်ကြမှ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်ရမယ့် ကိစ္စကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါတယ်။


ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ အာဏာရဲ့ အရသာကို မသိဘူး။ တိုင်းပြည်ကို အစဉ်အဆက် အုပ်ချုပ်ခဲ့သူတွေအနေနဲ့ အာဏာရဲ့ အရသာကို သိတယ်။ အာဏာရဲ့ အရာသာကို သိသည့်အလျှောက် အာဏာလက်လွှတ်ဆုံးရှုံးရမှာကိုလည်း ကြောက်ကြသူချည်းများပါတယ်။ ဒီမိုကရေစီစနစ်ကို အသွင်းကူးပြောင်းပြီးချိန်မှာတော့ အာဏာငန်းဖမ်းလို့ မရတော့ဘူး။ ပြည်သူလူထုရဲ့ လိုလားနှစ်သက်မှုအပေါ်မူတည်ပြီး အာဏာရနိုင်ခြေ ရှိတယ်။ အာဏာလက်မဲ့လည်း ဖြစ်နိုင်တယ်။

ဒီအခြေအနေကို ၂၀၁၅ ရွေးကောက်ပွဲမှာ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်းလဲရေး အစိုးရတစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းကောင်းတွေ ရှိပင်ရှိငြားလည်း ပြည်သူတွေက အတိုက်အခံ NLD က ဘာတွေများ ထူးခြားပြောင်မြောက်စွာ လုပ်နိုင်လေမလဲလို့ ပြည်သူ့အကျိုး ဘာမှလုပ်မပေးရသေးဘဲနဲ့ကို စိတ်ညွှတ်နေကြတာဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်တဲ့ USDP ပါတီ ဟာ မဲဆန္ဒနယ်တချို့မှာသာ အနိုင်ရပြီး အာဏာလက်လွှတ်ပေးခဲ့ရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။


ပြောရရင် ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့က ပုဂ္ဂိုလ်တွေအနေနဲ့ အာဏာရဲ့ အရသာကို ပိုသိတာပေါ့။ တပ်မတော်အစိုးရလက်ထက်ကတည်းကိုက သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ အာဏာရဲ့ အရသာကို ပိုသိတာပေါ့။ သို့သော် ပြည်သူတွေက တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် NLDပါတီကို စိတ်ညွှတ်နေကြတာဖြစ်တဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲကြီး ပြီးတဲ့အချိန်မှာ အနိုင်ရ NLD ပါတီထံ အသာတကြည် အာဏာလွှဲပေးခဲ့ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ NLD အစိုးရလက်ထက်မှာဆိုရင် NLD အစိုးရက လုပ်ကိုင်ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်လို့ တစ်လုံးတစ်ပါဒတောင် ထောက်ပြဝေဖန် ပြောဆိုခဲ့ခြင်း မရှိပါဘူး။ NLD အစိုးရရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေအပေါ် ဦးခင်ရီ၊ ဦးဝဏ္ဏမောင်လွင်၊ ဦးမောင်မြင့်၊ ဦးလှဆွေတို့ လောက်သာ ထောက်ပြဝေဖန် ပြောဆိုခဲ့ကြတာမျိုး ရှိပါတယ်။


၂၀၁၅ ရွေးကောက်ပွဲကြီးမှာ အနိုင်ရရှိပြီး ၂၀၂၀ အထိ (၅)နှစ်တာ အုပ်ချုပ်ခွင့်ရလိုက်တဲ့ NLD ပါတီဟာ အာဏာရဲ့ အရသာကို သိသွားတယ်။ အာဏာလက်လွှတ်ရမှာကို ကြောက်သွားတယ်။ NLD ကို ဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် က ရွေးကောက်ပွဲမှာ ၁၀၀ ရာခိုင်နှုန်း အနိုင်ရချင်တယ်ဆိုတာမျိုး ပြောလာခဲ့တယ်။ ၅နှစ်တာ ကာလအတွင်းမှာ လယ်သိမ်း၊ မြေသိမ်းကိစ္စတွေကို ဖြေရှင်းဆောင်ရွက်မပေးဘဲ အမှုပွဲစားလုပ်စားခဲ့တဲ့ NLD အမတ်တွေက ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့ကို မဲပေးရင် လယ်ယာမြေတွေ ပြန်ရမှာလို့ မက်လုံးပေးမှုတွေ ဖြစ်လာတယ်။


ရွေးကောက်ပွဲတစ်ရပ်မှာ ၁၀၀ ရာခိုင်နှုန်းအနိုင်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် NLD က ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အနေနဲ့ သမာသမတ်ကျကျ ရပ်တည်ရမယ့် တာဝန်ကို ယူထားသော်လည်း NLD တစ်ပါတီတည်း မိုးပြိုအောင်အနိုင်ရစေဖို့ (၁၀.၃)သန်းကျော် အထိ မဲမသမာမှုတွေဖြစ်အောင် ဖန်တီးခဲ့တယ်။ အာဏာငန်းဖမ်း၊ အာဏာရမ္မက်ထပြီး မလုပ်သင့်တဲ့အလုပ်တွေကို လုပ်ခြင်းကြောင့် အာဏာလက်လွတ်ဆုံးရှုံးရတဲ့အချိန်မှာ မျောက်လက်သစ်ကိုင်းလွတ် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး ဘယ်သူသေသေ အာဏာရဖို့သာ အဓိကထားပြီး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာကြတယ်။


NLD ကို အစွန်းရောက် အားပေးထောက်ခံသူတွေ နယ်ပယ်အသီးသီးမှာ ရှိကြပါတယ်။ အနုပညာနယ်ပယ်၊ အင်ဂျင်နီယာနယ်ပယ်၊ ဆရာဝန်နယ်ပယ် အစရှိတဲ့ နယ်ပယ်စုံမှာ ရှိကြပါတယ်။ သူတို့မှာ ဆင်ခြင်တုံတရား မရှိကြတော့ဘူးလားလို့ မမေးပါနဲ့။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် စိတ်ညွှတ်နေတဲ့ သူတို့ရဲ့ အတွေးတွေက ဆင်ခြင်တုံတရားတွေကို ကမောက်ကမ ဖြစ်သွားစေတယ်။ ဘာကိုမှ သမာသမတ်ရှိရှိ တွေးခေါ်စဉ်းစားနိုင်ခြင်း မရှိတော့ဘဲ ကိုယ်ဖြစ်ချင်တာပဲ သိတော့တယ်။ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ အခြေအနေမျိုးကို ရောက်သွားကြတယ်။


ဒါတွေက ပါးစပ်ပြောမဟုတ်ဘူး။ မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်တွေပါ။ နိုင်ငံရေးလုပ်စားသူတွေက ဒါကို အမိအရ အသုံးချပြီး တော်လှန်ရေးမှာ မပါတဲ့သူကို ဒလန်ဆိုပြီး အနုပညာရှင်တွေကို စတင်ပစ်မှတ်ထားပြီး ကိုင်တယ်။ နီပိန်းအဆိုတော်တွေ၊ သရုပ်ဆောင်တွေ အာသီးယောင်လာတဲ့အချိန်မှာ နှုတ်ဆိတ်နေကြတဲ့ အနုပညာရှင်တွေကို ဒလန်ခေါင်းစဉ်တပ်ပြီး လှုံ့ဆော်နေကြပြီ။ အဲဒီမှာ ယောင်ဝါးဝါး အနုပညာရှင်များ ပါလာကြပြီ။ ဟန်လုပ်တဲ့နေရာမှာ အထူးပြောဖို့မလိုတဲ့ အနုပညာရှင်တွေ တော်လှန်ရေးဇာတ်လမ်းတစ်ပုဒ်မှာ ဝင်ရောက်သရုပ်ဆောင်ကြပြီ။ သူတို့တွေကို စံထားတဲ့ လူငယ်တွေမှာ သူတို့ရဲ့ လှုံ့ဆော်မှုတွေကြောင့် လမ်းမှားရောက်သွားကြပြီ။


အစိုးရက အနုပညာရှင်တွေကို ဆွေးနွေးပြောဆိုတယ်။ မရတဲ့သူကို ဥပဒေအရ တရားစွဲဆိုရတယ်။ နောက်တော့လည်း နိုင်ငံတော်တည်ဆောက်ရေးမှာ ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်လွှတ်ပေးတယ်။ ဗိုလ်ချုပ်ဇာတ်လမ်းတစ်ပုဒ်ကို ၅နှစ်တာ ကာလ ပြီးအောင် မရိုက်နိုင်ခဲ့ကြတဲ့ ဒါရိုက်တာဝိုင်း၊ လူမင်း၊ ဇင်းဝိုင်း အစရှိသော အနုပညာရှင်တွေ သူတို့ရဲ့လှုံ့ဆော်မှုတွေကြောင့် အကြမ်းဖက်လမ်းစဉ်နောက်ကို ပါသွားကြတဲ့ လူငယ်တွေအတွက် ဘာတစ်ခွန်း ပြောခဲ့ဖူးသလဲ။ အကြမ်းဖက်သမားတွေဘက်ကသာ အသာစီးရပြီဆိုရင် အာသီးထယောင်ကြအုံးမှာပဲ ဖြစ်ပါတယ်။


ထို့အတူ ဆရာ/ဆရာမတွေလည်း နိုင်ငံရေးလုပ်စားသူတွေနဲ့ အနုပညာရှင်တွေက CDM လုပ်ဖို့ လှုံ့ဆော်တဲ့အခါကြတော့ ပါခဲ့ကြတာပါပဲ။ tiktok ဆယ်လီ CDM ဆရာမတစ်ယောက်ဆိုရင် NLD အစိုးရလက်ထက်မှာ အများကြီးတိုးတက်ခဲ့တယ်လို့တောင် ဂျင်းထည့်နေပါသေးတယ်။ ဆရာမတစ်ယောက် ဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာကိုမှ မသိတော့လောက်အောင် NLD မှိုင်းမိသွားတဲ့အခြေအနေမျိုး တွေ့ရတယ်။ ဒီထက်ဆိုးသေးတယ်။ နစက မေတ္တာရှင်အစိုးရကြီးက ပညာရေးဝန်ထမ်း ဆရာ/ဆရာမတွေ အတိဒုက္ခရောက်မှာစိုးလို့ ရောက်ရာအရပ်မှာ လုပ်ငန်းခွင် ပြန်ဝင်ဖို့ အခွင့်အရေးပေးခဲ့တယ်။ CDM လုပ်ရင်း ငတ်နေရာက ပြန်ဝင်လာပြီးတော့လည်း နိုင်ငံရေးအစွန်းရောက်မှိုင်းက မပြယ်သေးဘူး။ စာသင်ခန်းထဲမှာ နိုင်ငံတော်သီချင်းမဆိုခိုင်းဘဲ လမ်ေးဘးမှာ ခွက်ခေါက်တဲ့ သီချင်းဆိုခိုင်းတဲ့ ဆရာမတွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့လည်း ကျောင်းသားမိဘများက ကျွန်တော်တို့ထံ ဆက်သွယ်ပြောဆိုခဲ့ကြတယ်။


ဆရာဝန် တဲ့။ လူ့အသက်ပေါင်းများစွာကို ကယ်တင်ဖို့ ဆေးပညာသင်ကြားထားသော ပုဂ္ဂိုလ်များကို ဆရာဝန် ဟု ခေါ်သည်ပေါ့ဗျာ။ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ပြီး ပြည်ပကို ထွက်ပြေးမယ့် ကောင်တွေ (နိုင်ငံရေးသမားတွေ) က CDM လုပ်ဖို့ လှုံ့ဆော်တော့ ဆရာဝန်ဆိုသူများလည်း ပါတာပဲဗျ။ ဆရာဝန်ဖြစ်လာသူများ ဘယ်လိုသစ္စာအဓိဋ္ဌာန်ပြုပြီး ဆရာဝန်ဖြစ်လာသလဲဆိုတာ သူတို့ကိုယ်တိုင် အသိဆုံးပေါ့ဗျာ။ ဆရာဝန်တွေရဲ့ သစ္စာအဓိဋ္ဌာန်ထဲက တစ်ချက် "ကျွန်ုပ်သည် ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့် အသက်ကို တန်ဖိုးထား လေးစားစွာ ကာကွယ်စောင့်ရှောက်ပါအံ့။" တဲ့။

 (အပြည့်အစုံကို ပူးတွဲဖော်ပြထားပါတယ်)။ 


"ကျွန်ုပ်သည် ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့် အသက်ကို တန်ဖိုးထား လေးစားစွာ ကာကွယ်စောင့်ရှောက်ပါအံ့။" လို့ သစ္စာအဓိဋ္ဌာန်ပြုထားတဲ့ ဆရာဝန်တွေက နိုင်ငံရေးသမားတွေရဲ့ လှုံ့ဆော်မှုနောက်ကို လိုက်ပါပြီး ဆေးမကုဘဲ CDM လုပ်သတဲ့။ ဆေးကုသမှုခံယူဖို့ လိုအပ်နေတဲ့အတွက်ကြောင့် ရောက်လာတဲ့ လူနာတွေကို ဆေးကုမပေးဘဲ မောင်းထုတ်တယ်။ အဲဒီလို နိုင်ငံရေးသမားတွေရဲ့ အသုံးချခံ ဆရာဝန်တွေကြောင့် ဆေးကုသမှုခံယူဖို့ လိုအပ်နေပြီး ဆေးကုသခွင့်မရဘဲ သေဆုံးသွားခဲ့ရတဲ့ လူနာ (၆၀၀၀) ဝန်းကျင်ခန့် သေဆုံးခဲ့ရပါတယ်။ PDF အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၆၀၀၀ ကျော် သေဆုံးရသလို CDM ဆရာဝန်တွေကြောင့် သေဆုံးရသူ ၆၀၀၀ ဝန်းကျင်ဆိုတော့ NLD ကို အားပေးထောက်ခံကြတဲ့ ဆရာဝန်တွေကို သွေးအေးလူသတ်သမားလို့ ကင်ပွန်းတပ်တာ လွန်မယ်မထင်ပါဘူး။


အားလုံးသိကြတဲ့အတိုင်းပဲ မြဝတ်ရည် ဆိုတဲ့ ဆရာဝန်မတစ်ယောက်ဆိုရင် သမားကျင့်ဝတ်ကို လိုက်နာဖို့ နေနေသာ သတ်ဖို့ ဖြတ်ဖို့ပါ လှုံ့ဆော်ခဲ့တာတွေကို တွေ့ဖူးကြမယ်ထင်ပါတယ်။ ပူးတွဲဖော်ပြပါ ဓာတ်ပုံပါ ပုံကတော့ CDM ပြုလုပ်ထားတဲ့ ဆရာဝန်ဖြိုးလင်းအောင် ဆိုသူ ဖြစ်ပါတယ်။ ပြည်မြို့ ကုတင်- ၅၀၀ ပြည်သူ့ဆေးရုံကြီးကနေ CDM လုပ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။ သူ့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး ၂၄-၃-၂၀၂၃ ရက်နေ့ က စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် (၃) နှစ် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရပါတယ်။


"ကျွန်ုပ်သည် ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့် အသက်ကို တန်ဖိုးထား လေးစားစွာ ကာကွယ်စောင့်ရှောက်ပါအံ့။" သစ္စာအဓိဋ္ဌာန်ပြုထားတဲ့ ဆရာဝန်ဆိုသူတွေက လူသားတွေရဲ့ ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာကို နိုင်ငံရေးလုပ်စားသူတွေ အလိုကျ လိုက်ပါပြီး သေကြောင်းကြံစည်ခဲ့ကြတယ်။ တိုင်းပြည် ကမောက်ကမဖြစ်တာလည်း မပြောနဲ့လေ။ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ကျင့်ဝတ်သိက္ခာထက် စိတ်ခံစားချက်ကို ဦးစားပေးပြီး အပြစ်မဲ့ ပြည်သူတွေကို သေကြောင်းကြံစည်ခဲ့ကြသူတွေက များလွန်းသကိုး။ ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာ ဆုံးရှုံးအောင် သေကြောင်း ကြံစည်ခဲ့တဲ့ ဆရာဝန်တစ်ဦးကို ပြစ်ဒဏ် (၃) ဆိုတာ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှရဲ့လားလို့တောင် မေးချင်ပါရဲ့ဗျာ။   ။


နောင်တော်လး (ဘိုကလေး)

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)