လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် ပြည်သာလင်းအေးစေတီတော်မြတ်ကြီး ရွှေထီးတော်တင် အလှူတော်မင်္ဂလာအထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲနှင့်ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် ပြည်သာလင်းအေးစေတီတော်မြတ်ကြီး ရွှေထီးတော်တင် အလှူတော်မင်္ဂလာအထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲနှင့်ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပ







MNP   -   မတ်   ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် တည်ထားကိုးကွယ်တော်မှုသော ပြည်သာလင်းအေးစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်(၄၄)ဆူတို့အား ရွှေထီးတော်တင် အလှူတော်မင်္ဂလာအထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲနှင့်မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါအမျိုးသားဘောလုံးပြိုင်ပွဲကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ အကြီးတန်းဘောလုံးအသင်း (၁၂)သင်း၊ အငယ်တန်း ဘောလုံးအသင်း(၃၂) သင်းတို့ဖြင့် ဖေဖော်ဝါရီ(၅)ရက်နေ့မှ စတင်ကာ မတ်လ(၅)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး မြန်မာ+ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲကို မတ်လ(၁)ရက်မှ မတ်လ(၅)ရက်နေ့အထိ (၅)ရက်တိုင်တိုင် မြန်မာ+ ထိုင်း အထူးစိတ်ခေါ်ပွဲ အပါအဝင်၊ (၅)သိန်း အောင်လံလုပွဲ၊ (၇)သိန်းအောင်လံလုပွဲနှင့် စိတ်ခေါ်ပွဲများ ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရှိရသည်။


စောဒိ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)