နောင်ချိုမြို့နယ်၌ ကြက်ခြေနီရှေးဦးပြုစုနည်း (အခြေခံ) မွမ်းမံသင်တန်း ဆက်လက်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်၌ ကြက်ခြေနီရှေးဦးပြုစုနည်း (အခြေခံ) မွမ်းမံသင်တန်း ဆက်လက်သင်ကြား

 


MNP ၊ မတ် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ပြည်သူများ ဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ပြုစုကုသပေးနိုင်ရန် ရည်ရွယ်၍ ကြက်ခြေနီရှေးဦးပြုစုနည်း (အခြေခံ) သင်တန်း (၁/၂၀၂၃)ကို မတ်လ ၂၄ ရက်နေ့မှ စတင်သင်ကြားပို့ချလျက်ရှိရာ  ယမန်နေ့တွင် သင်တန်း တတိယနေ့အဖြစ်  ဆက်လက်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။


သင်တန်းတွင် နည်းပြများဖြစ်ကြသည့် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝေယံဖြိုး၊ တပ်ခွဲမှူး  ဦးဇော်ဇော်မင်းနှင့် တပ်ဖွဲ့ဝင်ဦးသူရိန်ထွန်းတို့က လည်သိုင်းကွင်းစည်းနည်း၊ သွေးဆုတ်သွေး လန့်ခြင်း ဖြစ်ရသည့်အကြောင်းရင်း၊ သွေးဆုတ်သွေးလန့်ခြင်းလက္ခဏာများနှင့်ပြုစုနည်း၊ မူးမေ့ခြင်း လက္ခဏာများနှင့်ပြုစုနည်း၊ သတိလစ်ခြင်းဖြစ်စေသည့် အကြောင်းရင်းများ၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း စသည့်ဘာသာရပ်များကို  လက်တွေ့သရုပ်ပြသ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


သင်တန်းသို့ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သင်တန်းသား၊ သင်တန်းသူ (၁၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းအခမ်းအနားတွင်  သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်သွားမှာဖြစ် ကြောင်း သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)