ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း စာပေဖတ်ရှုသူများနှင့် စည်ကားနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း စာပေဖတ်ရှုသူများနှင့် စည်ကားနေ



MNP ၊ မတ် ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကျောင်းပိတ်ရက်အားအပ်ချိန်၌ ပြည်သူ့စာကြည့်တိုက်တွင် ကလေးသူငယ်များ စာအုပ်စာစောင်များငှားရမ်းဖတ်ရှုသည့်အပြင် ကလေးစာဖတ်ခန်း၌ ရုပ်ပြစာအုပ်များလာရောက်ဖတ်ရှုသောကလေးငယ်များနှင့် လာရောက်ဆော့ကစားသောကလေးသူငယ်များ တိုးပွားလျက်ရှိကြောင်း သိရသည်။


အခြေခံပညာကျောင်းများဖွင့်လှစ်ချိန်တွင် စာဖတ်စာငှားကလေးသူငယ်များနည်းပါးသော်လည်း ယခုအချိန်တွင် ကလေးသူငယ်များဖတ်ရှုလေ့လာနိုင်သော ရုပ်ပြကာတွန်းများ၊ ပုံပြင်စာအုပ်များအများဆုံး လာရောက်ဖတ်ရှုလျက်ရှိပြီး ကလေးစာဖတ်ခန်းတွင် ခါးလှည့်ကွင်းကစားနည်း၊ အရုပ်ဆက်ကစားနည်း၊ ဆေးရောင်ခြယ်ခြင်း၊ ဘောလုံးပစ်ခြင်း၊ ဘိုးလိမ်းပစ်ခြင်းအားကစားနည်းများကိုလည်း ထားရှိပေးထား၍ နေ့စဉ်ကလေးသူငယ်များ လာရောက်ကြကြောင်း သိရသည်။


ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက်တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူလူငယ် လေးများအတွက် သုတ/ရသစာအုပ်များ၊ ဝတ္ထုတိုများ၊ မဂ္ဂဇင်းများ၊ ဆောင်းပါးများ၊ ရွှေသွေးဂျာနယ်များ၊ တေဇရုပ်ပြများ၊ မိုးသောက်ပန်းဂျာနယ်များ၊ ထင်ရှားကျော်ကြားသော နိုင်ငံ့ခေါင်းဆောင်ကြီးများ၏မိန့်ခွန်း ကောက်နုတ်ချက်များ၊ ဘာသာရေးစာအုပ်များအပြင် နေ့စဉ်ထုတ်သတင်းစာများကို အလွယ်တကူဖတ်ရှု ငှားရမ်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်း၊ အခမဲ့အသင်းဝင်ကတ်ပြုလုပ်ပေးခြင်းဖြင့် စာအုပ်စာ စောင်များငှားရမ်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဇင်လေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)