MNP ၊ မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်း (တောင်) ရပ်ကွက်၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲကို ယနေ့နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၈)ရက်နေ့မှ ဧပြီလ (၃) ရက်နေ့အထိ နေ့စဉ် နံနက် (၁၁) နာရီမှ မွန်းလွဲ (၃) နာရီအထိ ဖြေဆိုကြမည်ဖြစ်သည်။ ယနေ့တွင် စမ်းချောင်းမြို့နယ် အတွင်းရှိ သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များထဲမှ ပထမကြီးတန်း ဖြေဆိုသူ သံဃာ (၉၆) ပါး၊ သီလရှင် (၁၈) ပါးနှင့် လူပုဂ္ဂိုလ် (၁) ဦး၊ စုစုပေါင်း (၁၁၅) ဦး၊ ပထမလတ်တန်း ဖြေဆိုသူ သံဃာ(၄၇)ပါး၊ သီလရှင်(၂၁)ပါးနှင့် လူပုဂ္ဂိုလ်(၁၂)ဦး စုစုပေါင်း(၈၀)ဦး၊ ပထမငယ်တန်း ဖြေဆိုသူသံဃာ (၈၇) ပါး၊ သီလရှင် (၁၀) ပါးနှင့် လူပုဂ္ဂိုလ် (၃၁) ဦး၊ စုစုပေါင်း (၁၂၈) ဦးနှင့် အခြေပြု မူလတန်းဖြေဆိုသူ သံဃာ (၇၃)ပါး၊ သီလရှင် (၈)ပါးနှင့် လူပုဂ္ဂိုလ်(၂၇)ဦး၊ စုစုပေါင်း (၁၀၈) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် စာမေးပွဲကြီးကြပ်သံဃာတော်များ ကြီးကြပ်၍ စာဖြေသံဃာ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေသန့်နှင့်အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
နီလာစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment