ရသေ့တောင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စိုက်ပျိုးရေးမြစိမ်းရောင်စီမံကိန်း ချေးငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စိုက်ပျိုးရေးမြစိမ်းရောင်စီမံကိန်း ချေးငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ





MNP ၊ မတ် ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်အကောင်အထည်  ဖော်ဆောင်ရွက်မည့်စိုက်ပျိုးရေးကဏ္ဍတွင် လယ်ယာထုတ်ကုန်များတိုးချဲ့ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးမြစိမ်းရောင်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


     ရှေ့ဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနိုင်လင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက်ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အရင်းမပျောက် မတည်ရန်ပုံငွေများအား ထုတ်ပေးခြင်းဖြစ်ကြောင်း၊ မတည်ရန်ပုံငွေဖြင့်စိုက်ပျိုးရေးကဏ္ဍများကိုအောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်းမျိုးရေးနည်းပညာများလိုအပ်ကြောင်းမျိုးစေ့ကောင်းရန်၊ရေရှိရန်ရေကိုရွေတာရန်၊ခေတ်မီနည်းပညာများလိုအပ်ကြောင်းပြောကြားခဲ့သည်။


 ထို့နောက်စိုက်ပျိုးရေးကဏ္ဍမြစိမ်းရောင်ကျေးရွာမြို့နယ် ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးတင်‌မောင်က စိုက်ပျိုးရေးမြစိမ်းရောင်ချေးငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် စီမံကိန်းစိုက်ပျိုးရေးကဏ္ဍတွင်စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ရှင်းလင်းပြေားခဲ့သည်။


ထို့နောက် စိုက်ပျိုးရေးကဏ္ဍတွင် ဆောင်ရွက်ကြမည့် မင်းဖူး‌ကျေးရွာနှင့်ခနောင်းကြီးကျေးရွာ(၂)ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း(၃၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၆၀၀) အား မြို့နယ်စီမံကိန်းကော်မတီမှ စီမံကိန်းကျေးရွာကြီးကြပ်မှုကော်မတီထံသို့  လွှဲ ပြောင်းပေးအပ်ခဲ့သည်။


 အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရန်ပုံငွေဖြင့်အကောင်အထည် ဖော်ဆောင်ရွက်ကြ  မည့်ကျေးရွာကြီးကြပ်မှုကော်မတီများနှင့်ကော်မတီအဖွဲ့ဝင်များစုစုး(၆၅)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)