ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေးညှိနှိုင်းဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေးညှိနှိုင်းဆွေးနွေးပွဲပြုလုပ်




MNP ၊ မတ်  ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လူထုအခြေပြုငှက်ဖျား‌ရောဂါကာကွယ်ရေးစီမံကိန်း (Township Coordination and Advocacy Meeting ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုအဆင့်(၁) ဒေါ်ထားထားဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီတပ်ခွဲမှူး‌ ‌ဒေါ်သင်းလဲ့ရီက ကျေးရွာစေတနာ့ ဝန်ထမ်းများ‌ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကိုရှင်းလင်းပြောကြားသည်။ ထို့‌နောက်  လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း M&E Assistant ဒေါ်နန္ဒာဝင်း၊ ကွင်းဆင်းကြီးကြပ်ရေးမှူး ဦးစည်သူမောင်တို့က ငှက်ဖျားရောဂါနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်အတွင်း ကွင်းဆင်း‌ ဆောင်ရွက်ခဲ့သည့် လုပ်းငန်းအခြေအနေတို့ကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက ငှက်ဖျားရောဂါကြို တင်ကာကွယ်ရေးနည်းလမ်းများ၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)