ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ မသန်စွမ်းသူနှစ်ဦးအား ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ မသန်စွမ်းသူနှစ်ဦးအား ထောက်ပံ့ငွေပေးအပ်



MNP ၊ မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ညောင်ဦးမြို့နယ်အတွင်း မသန်းစွမ်းသူနှစ်ဦးအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ထောက်ပံ့ငွေသွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။


ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့် ဦးဆောင်သော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များသည် ညောင်ဦးမြို့ အမှတ်(၆)၊ အောင်မြေသာရပ်နေ ဉာဏ်ရည်ချို့တဲ့သည့် မလဲရည်ဝင်း(၂၈)နှစ်နှင့်အမှတ် (၄)ရပ်ကွက် မသန်းစွမ်း ပိုလီယိုဖြစ်နေသည့် မချိုချိုသိမ့် အသက်(၁၄)နှစ်တို့အား အိမ်တိုင်အရောက် တစ်ဦးလျှင် သုံးသောင်းကျပ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)