တောင်ကုတ်မြို့နယ်၌ ဆီထွက်သီးနှံနေကြာ စံကွက်ရိတ်သိမ်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ ဆီထွက်သီးနှံနေကြာ စံကွက်ရိတ်သိမ်းပွဲကျင်းပ





MNP ၊ မတ် ၂၉

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဆီထွက်သီးနှံ (နေကြာ)ဆင်းရွှေကြာ-၂ စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်(၈)နာရီခွဲအချိန်က ရန်မျိုးကျေးရွာရှိ တောင်သူ ဦးစိုးသူ ပါ (၄)ဦး၏ ကွင်းအမှတ်(၉၀) ၊ ဦးပိုင်အမှတ်(က/၅၁-၁)ရှိ စံကွက်စိုက်ခင်းအတွင်းကျင်းပပြု လုပ်ခဲ့သည်။


အဆိုပါ ဆီထွက်သီးနှံနေကြာစံကွက်ရိတ်သိမ်းပွဲအခမ်းအနားတွင် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်း က ဆင်းနေကြာ-၂  နေကြာမျိုးစေ့ထုတ်လုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရန်နှင့်တောင်သူများ၏ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဆီထွက်သီးနှံများစိုက် ပျိုးရေး ၊နေကြာသီးနှံစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး ၊ မျိူးကောင်းမျိုးသန့် များရွေးချယ်စိုက်ပျိုးရေး နှင့် စိုက်နည်းစနစ်မှန်ကန်ရေး ၊သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာသုံးစွဲ စိုက်ပျိုးကြရန်များကို ဆွေးနွေးပြောကြားသည်။


ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ ဝန်ထမ်းများ ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်တောင်သူများက ဦးစိုးသူ ပါ(၄)ဦး၏ ဆင်းရွှေကြာ-၂ မျိုးစေ့ထုတ်စိုက်ဧက (၁၀)ဧကအတွင်း စံကွက်ရိတ်သိမ်းရာ တစ်ဧက အစိုအထွက်နှုန်း(၆၁.၈၇)တင်း ၊ အခြောက်အထွက်နှုန်းမှာ (၅၈.၁၅)တင်းထွက်ရှိပြီး နေကြာစိုက်ပျိုးရက်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့ဖြစ်ကြောင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းနှင့်ဝန်ထမ်းများ ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးတင်လင်းထွဋ် နှင့်ဝန်ထမ်းများ ၊ ဒေသခံ တောင်သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)