ဟင်္သာတမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်း



MNP ၊ မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့က ဥယျာဉ်တောင်ရပ်ကွက်၊ ရွှေကျောင်းပရိယတ္တိစာသင်တိုက်၊ ပိဋကာဝါသရွှေဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ဧည့်ပရိတ်သတ်များက ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက် ဆရာတော် ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီးနောက် ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲအောင် သံဃာတော်(၇၉)ပါး၊ သီလရှင်(၃)ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် အောင်(၄)ပါး၊ နိကာယ်(၄)ကျမ်းအောင် သံဃာ(၁)ပါး၊ သီလရှင်(၁)ပါး၊ ဒွိပိဋဓရအောင်(၁)ပါး၊ နိကာယ်ဝိနယ ဝိဒူဘွဲ့ရ(၁)ပါး၊ ဓမ္မာစရိယ(၁)ကျမ်းအောင်(၂)ပါး၊ စုစုပေါင်း(၉၂)ပါးနှင့် လူပုဂ္ဂိုလ် (၄)ဦးတို့အား အောင်လက်မှတ်နှင့် စာအောင်ဆုမျာ စုစုပေါင်း (၃၁၂၄၀၀၀ိ) သုံးဆယ့်တစ်သိန်း နှစ်သောင်းလေးထောင် ကျပ်တို့အား တာဝန်ရှိသူများက အသီးသီး ဆက်ကပ်လှူဒါန်း ချီးမြှင့်ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော် ဘုရားကြီးထံမှ ရေစက်ချအနုမောဒနာ တရားနာကြားခဲ့ကြသည်။


အဆိုပါ စူဠဘွဲ့နှင်းသဘင် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ မြို့နယ်အဘိဓမ္မာ အသင်းဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)