ဥတ္တရခရိုင်၊ အခြေခံပညာ အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရခရိုင်၊ အခြေခံပညာ အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ




MNP ၊ မတ် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်​နောင်ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံပညာ အထက်တန်းအဆင့် (ခရိုင်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်လှစ်လျက်ရှိသည်။


အဆိုပါ​ ဆွေးနွေးပွဲတွင် ဇေယျာသီရိခရိုင်နှင့် ဥတ္တရခရိုင်အတွင်းရှိ အထက်တန်းပြ ဆရာ၊ ဆရာမ(၅၃၃) ဦးတို့သည် အခြေခံပညာအထက် တန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲ သင်တန်းအား တက်ရောက်ခဲ့ပြီးသင်ရိုးသစ် ဘာသာရပ်(၉)ခုကို ဆရာ၊ ဆရာမ ( ၃၇) ဦးတို့မှ သင်ကြားပို့ချခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး ဆွေးနွေးပွဲကို မတ်လ ၂၁ရက်နေ့ ယနေ့အထိ (၃)ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။


အောင်မျိုးဝင်း

 https://t.me/MyanmarNationalPost






 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)