ရခိုင်ပြည်နယ် မောင်တောမြို့၌ နွေရာသီအားကစားသင်တန်းဆင်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ နွေရာသီအားကစားသင်တန်းဆင်းပွဲပြုလုပ်





MNP ၊ မတ် ၂၆

ရခိုင်ပြည်နယ် မောင်တောမြို့၌ နွေရာသီ အားကစားသင်တန်းဆင်းပွဲကို   ယမန်နေ့ ညနေ ၄ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ပြုလုပ်သည်။ 


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်က နွေရာသီအားကစားသင်တန်းများကို ခရိုင်/ မြို့ နယ် အားကစား နှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍  အားကစားနည်း ၈ မျိုးဖြင့် ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ယခုနွေရာ သီ အားကစားသင်တန်းဆင်းပွဲ ပြုလုပ်ရခြင်း နှင့် ပတ်သတ်၍ ပြောကြားရာတွင် သင်တန်းသားများအနေဖြင့် အားကစား လေ့လာလိုက်စားခြင်းအားဖြင့် ဗလငါးတန် ဖွံ့ဖြိုးစေခြင်း ၊ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော်မှအားကိုး အားထား ပြုနိုင်သော သားကောင်း ရတနာများ ဖြစ်စေရန် နှင့် သင်တန်းသားများ အချင်းချင်း ချစ်ခင်ရင်းနှိီးမှုများ ရရှိစေလို ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် အား ကစားမှူး ဒေါ်ရွှေလှိုင်ငြိမ်း ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဉက္ကဋ္ဌ  ဒေါ်ကေသွယ်ခိုင် နှင့် တာဝန်ရှိသူများက သင်တန်းသား များအား နွေရာသီအခြေခံအားကစားသင်တန်း ဆင်း လက်မှတ် များအား ပေးအပ်ခဲ့ပြီး နည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ယင်းနောက် သင်တန်းသားများက ကရာတေး သရုပ်ပြသခြင်း ၊ Fitness Dances အကများဖြင့် သရုပ်ပြသခဲ့ကြကာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဉက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေ နှင့် အချိုရည်များအား ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းအား မတ်လ ၆ ရက်နေ့မှ ၂၅ ရက်နေ့ထိ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)