ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်





MNP ၊ မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ များ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အရွှဲကျေးရွာအုပ်စု၊ အရွှဲကျေးရွာရှိ ရွှေဝါနဒီ စိုက်ပျိုးထုတ်လုပ်မှုကုမ္ပဏီ၊ ရွှေဝါနဒီဆန်ကြိတ်ခွဲသန့်စင်စက် လုပ်ငန်းသို့ သွားရောက်၍ ဆန်ကြိတ်ခွဲတင်ပို့ နိုင်ရေး ဆန်စက်လည်ပတ်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ရာ ဆန်စက်တာဝန်ခံမှ ဆန်ကြိတ် ခွဲမှု၊ သိုလှောင်မှု၊ (A -1, 2) ဇကွဲ တန်၂၅၀ ကြိတ်ခွဲမှု၊ ထွန်းပုဆန် တန် ၅၀၀ ဆန်သန့်စင် ကြိတ်ခွဲမှုနှင့် ရန်ကုန်ရုံးချုပ်မှ တစ်ဆင့် ပြည်ပတင်ပို့မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆန်အရည်အသွေး ကောင်းမွန် စေရေး၊ ထုတ်ပိုးမှုစနစ်များ သေသပ်ကောင်းမွန်စေရေး၊ ပြည်ပစျေးကွက်ပိုမိုထိုးဖောက်နိုင်ရေးနှင့် ဘေးထွက်ပစ္စည်း များအား အကျိုးရှိစွာ ပြန်လည်အသုံးချစေရေး ကြိုးပမ်းဆောင်ရွက်ရန်မှာကြားခဲ့သည်။


ဆက်လက်၍ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားများအား မတ် ၂၆ ရက်နေ့ နံနက်ပိုင်းက ပန်းတနော်မြို့နယ်၊ ရွှေလှေကျေးရွာနှင့် မင်းဂရုကျေးရွာတို့၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့် အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ၁၁/၀.၄ ကေဗွီလိုင်းနှင့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံး တည်ဆောက်ပေးပြီး ကျေးရွာမှ ကိုယ်ထူကိုယ်ထဖြင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း သွယ်တန်းဆောင်ရွက်သည့်  ရွှေလှေ ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများနှင့် အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ လျှပ်စစ် မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ ပြီးအခမ်းအနားသို့ တက်ရောက်လာသူများနှင့် အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် ရွှေလှေ ကျေးရွာရှိ တပ်မတော် ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ကာ လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းတိုက် အတွင်းရှိ သံဃာတော်များ အား နေ့ဆွမ်းဆပ်ကပ်ခဲ့ပြီးနောက် ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ပြည်လုံးကပ်ကျော် ကိုးနဝင်းစေတီတော်မြတ်အား ရွှေသင်္ကန်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခဲ့သည်။


ဆက်လက်၍ ‌တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မင်းဂရုကျေးရွာတွင် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (NEP Phase II) ဖြင့် ဆောင်ရွက်သည့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများနှင့် အတူ ဖဲကြိုးဖြတ်ဆက်လက် ဖွင့်လှစ်ပေး၍ လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကျေးရွာများတွင် ‌လျှပ်စစ်မီး ဖွင့်လှစ်ပေး နိုင်ခဲ့ခြင်းကြောင့် ရွှေလှေကျေးရွာတွင် အိမ်ခြေ (၇၀) လုံး၊ မင်းဂရုကျေးရွာတွင် အိမ်ခြေ (၂၃၀) လုံးတို့ရှိ ဒေသခံပြည်သူ များမှ လျှပ်စစ်မီးများ စတင်သုံးစွဲနိုင်မည်ဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကိုလည်း များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့်  ပုသိမ်မြို့၊ အမှတ်(၄) ရပ်ကွက်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးအထွေထွေ ပိုလျှံ ရန်ပုံငွေဖြင့်ပန်းခြံ လမ်း (အရှည် ၁၀၀၀ ပေ၊ အကျယ် ၂၀ ပေနှင့် ထု ၈လက်မ)ရှိ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့် အတူ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေ ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် မှာကြားခဲ့သည်။


လှမင်းထွဋ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)