MNP ၊ မတ် ၂၇
မွန်ပြည်နယ်၊ မော်လမြိုင့ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ မျက်စိဝေနာရှင်များနှင့် အထွေထွေရောဂါဝေဒနာရှင်များအား ကျိုက္ခမီမြို့ မိခင်နှင့်ကလေး ဘက်စုံမူလတန်းကြိုကျောင်း၌ အခမဲ့ကုသပေးလျက်ရှိသည်။
အဆိုပါ ကွင်းဆင်းကုသရာတွင် ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဂေါပကအဖွဲ့မှ ဦးဆောင်၍ မျက်စိဝေဒနာရှင်(၄၀၅)ဦးနှင့် အထွေထွေရောဂါ ဝေဒနာရှင်(၉၃)ဦး စုစု ပေါင်းရောဂါ ဝေဒနာရှင် (၄၉၈)ဦးကို ရန်ကုန်မြို့ မျက်စိအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်နန်းလုံပါ (၄)ဦး၊ နေပြည်တော် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌါန အထွေထွေရောဂါကုဆေးရုံမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး တို့မှ လာရောက်၍ မတ် ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ (၂)ရက်တာ အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးသည်။
အဆိုပါကုသဆောင်ရွက်ပေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာတို့မှ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment