ညောင်ဦးမြို့နယ် ခွေးပြုတ်ကျေးရွာအနီး ရေနံစိမ်းသိုလှောင်ခြံတွင် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ခွေးပြုတ်ကျေးရွာအနီး ရေနံစိမ်းသိုလှောင်ခြံတွင် မီးလောင်မှုဖြစ်ပွား




MNP ၊ မတ် ၃၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းနယ်မြေမီးသတ်စခန်း၏ တောင်ဘက် (၆)မိုင်ခန့်အကွာ၊ ညောင်ဦးမြိုနယ်မီးသတ်စခန်း၏တောင်ဘက်(၂၂)မိုင်ခန့် တောင်ဇင်းအုပ်စု၊ ခွေးပြုတ်ကျေးရွာအနီး၊ ရွာပြင်ရေနံစိမ်းသိုလှောင်ခြံ ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်မှုဖြစ်ပွားရာနေရာသို့ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ တပ်ကြပ်ကြီး သိန်းကျော်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၅)ဦး၊ မီးသတ်ရေယာဉ်(၁)စီး၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးယာဉ်(၁)စီး၊ Bagan Rescue အသင်းသား(၈)ဦးတို့ဖြင့် မီးလောင်နေရာရောက်ရှိ မီးငြှိမ်းသတ်ကြရာ ၂ နာရီ ၅၉ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။


မီးလောင်မှုဖြစ်စဉ်မှာ ဆီခြံပိုင်ရှင် ဦးမျိုးထက်သိုလှောင်ထားသည့် ရေနံစိမ်းများအား ဆီတိုင်ကီများအတွင်းသို့ ပန့်ဖြင့်ပြန်လည်ထုတ်ယူစဉ် ပိုက်ဝထိပ်ရှိ သံထည်အဖွင့်/အပိတ်ခေါင်းနှင့် ဆီပီပါတို့ ထိခတ်မိရာက မီးပွားထွက်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ရေနံစိမ်း ပီပါ(၆)လုံးခန့်မီးလောင်ကျွမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း၊ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်စေခဲ့သူ ဆီခြံပိုင်ရှင် ဦးမျိုးထက်အား ညောင်ဦးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)