MNP - မတ် ၂
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျေးရွာများတွင် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ယမန်နေ့ နံနက်(၁၀) နာရီအချိန်က လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အခြေခံပညာကျောင်း များသည် စာမေးပွဲများဖြေဆိုပြီးနောက် နွေရာသီကာလတွင် ကျောင်းပိတ် တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အားလပ်သည့် အချိန်တွင် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ပါက အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ပြီး ပြည်သူ့ နီတိကို ကောင်းစွာသိရှိနားလည်ကာ အနာဂတ် နိုင်ငံတော်အတွက် အားကိုးအားထား ပြုနိုင်သော လူကောင်းလူတော်များ ဖြစ်စေရန် ရည်ရွယ်၍ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ သက်ဆိုင်ရာ ဘုန်းတော် ကြီးကျောင်းတိုက် ဆရာတော်များ၏ သြဝါဒကို ခံယူလျက် ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများတိုင်ပင်၍ ကျေးရွာများအလိုက် ဖွင့်လှစ်သင်ကြားသွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး များမှ သင်တန်းများ ဖွင့်လှစ်နိုင်ရေး အစီအမံများကို တင်ပြဆွေးနွေးခဲ့ရာ (၂.၃.၂၀၂၃) ရက်နေ့တွင် ပျော်ဘွယ်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ နွေရာသီယဉ်ကျေး လိမ္မာသင်တန်း စတင်ဖွင့်လှစ် ပို့ချမည်ဖြစ်ပြီး ကျန်ရှိသော ကျေးရွာများ တွင်လည်း သင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment