MNP ၊ မတ် ၂၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် အိုးအိမ်များ ပြင်ဆင်ဆောင်ရွက်ရန်အတွက် မြေပြင်သာကျေးရွာ အုပ်စု၊ အောင်ချမ်းသာကျေးရွာနှင့် အောင်မြင်သာကျေးရွာတို့ရှိ လူနေအိမ်အလုံး (၁၀၀) အား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ လိုက်ပါ၍ မြေပြင်သာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာနှင့် အောင်မြင်သာကျေးရွာများတွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် အမိုး၊ အကာများ ပြင်ဆင်ဆောင်ရွက်မည့် နေအိမ် များသို့ သွားရောက်၍ လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်
https://t.me/MyanmarNationalPost
No comments:
Post a Comment