ပေါက်တောမြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများအားမီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများအားမီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး





MNP   -   မတ် ၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၏၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာသင်ကျောင်းများသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာသင်ကျောင်းများသို့ ကျောင်းဝင်းအတွင်း မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေစုကန်များ၌ ရေများ ဖြည့်တင်းထားရှိမှုအခြေအနေနှင့် စာသင်ဆောင်အတွင်း / အပြင်တွင် လျှပ်စစ်မီးများသွယ်တန်းထားရှိမှုအခြေအနေများကြည့်ရှုပြီး ကျောင်းပတ်ဝန်းကျင်တွင် မီးလောင်လွယ်သောချုံနွယ်၊ အမှိုက်သရိုက်များအား စနစ်တကျသန့်ရှင်းရေးပြုလုပ်ထားကြရန်၊ မီးသတ် ဆေးဘူးအသုံးပြုပုံများအား ရှင်းလင်းပြသပေးခြင်း၊  မတော်တဆ မီးလောင်မှု ဖြစ်ပွားပါကလည်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ ချက်ချင်း သတင်းပေးပို့ကြပါရန် ကွင်းဆင်းစစ်ဆေး အကြံပြု လမ်း ညွန်မှာကြားခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)