MNP ၊ မတ် ၂၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ သာသနာ့ဗိမာန်ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် မီးသတ် တပ်ဖွဲ့ဝင် များက ယနေ့ နံနက် ၇ နာရီအချိန်က အဆိုပါ သာသနာ့ဗိမာန် ခြံဝင်း အတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်စော ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များက မြို့မအနောက်ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး အတွက် ခြံဝင်း ရှိ မြက်ပင် ၊ ပေါင်ပင် ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်း၍ ဗိမာန်တော်ကြီးအတွင်းတွင် တံမြက်စည်းလှဲခြင်းတို့ကို စုပေါင်းသန့်ရှင်းရေး ပြု လုပ်ခဲ့ ကြကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment