ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမ်းမြို့တောရ ကျောင်းလမ်းကတ္တရာလမ်းဖွင့်ပွဲ အခမ်း အနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမ်းမြို့တောရ ကျောင်းလမ်းကတ္တရာလမ်းဖွင့်ပွဲ အခမ်း အနားတက်ရောက်






MNP ၊ မတ် ၂၆

   (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေယာဥ်ကွင်း -အောက်ရွာ ဆက်သွယ်သော တောရ ကျောင်းလမ်းအား(၁၈)အကျယ်ကတ္တရာလမ်းသစ် ဖွင့်ပွဲ အ ခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပရာ ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် ဝန်ကြီးများ၊ အမ်းတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ခရိုင်/မြို့နယ်ဌာနဆိုင် ရာတာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများနှင့် ဒေသခံကျေးရွာသူ၊ ကျေးရွာသား များတက်ရောက်ကြသည်။


  (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြို ဆိုဂုဏ်ပြုသောအားဖြင့် လေယာဉ်ကွင်းရပ်ကွက်နှင့် အောက်ရွာရပ်ကွက်သို့ ဆက်သွယ်သော တောရကျောင်းလမ်း (၁၈) အကျယ်ကတ္တရာလမ်းသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကျေးလက်ဒေသများဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာနိုင်သောလမ်းများအဖြစ် အသုံးပြု နိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရာသီမရွေးသွားလာနိုင်သောကျေး လက်လမ်းများ ဖြစ်ပေါ်လာ ခြင်းဖြင့် ဒေသခံနေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့် အလမ်းများကောင်းမွန် လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုလမ်းသစ်အား ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့သူ၊ မြို့သားများ၊ ကျေးလက်ဒေသနေပြည်သူများက လမ်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ထိမ်းသိမ်းပေးကြ စေလိုကြောင်းပြောကြားသည်။ 


ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးထွန်းဝေက ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြား ကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးထွန်းဝေက လမ်းဖွင့်ပွဲအထိမ်းအမှတ် အလံများပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ လမ်းသစ်အား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။


 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်းမြို့နယ်၊ အောက်ရွာကျေးရွာ၌ တောင်သူ ဦးဇော်မျိုးထက်၏ လယ် ၁၀ ဧကတွင် စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးစံပြစိုက်ခင်း စိုက်ပျိုးအောင်မြင် နေမှုကို သွားရောက်ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက အမ်းမြို့နယ် အတွင်း မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံနှင့် ပဲအမျိုးမျိုး စိုက်ပျိုးနေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။


 တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ကွက်ငယ်တောင်သူများအတွက် အကျိုး ရှိနိုင်မည့် စံပြလယ်ယာစနစ်များ ဖော်ဆောင်ပေးနိုင်ရေး၊ အထွက်နှုန်း ကောင်းမွန်သော မျိုးစပါးများ၊ နည်းပညာများပံ့ပိုးပေးနိုင်ရေး၊ နွေစပါးပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဆည်ရေများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေးတို့ကို လမ်းညွှန်မှာကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။


 ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်းမြို့၊ အမ်းတောင်ဂေါက်ကလပ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပသော ဂေါက်သီးရိုက် ပြိုင်ပွဲသို့တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က Smoke Ball ရိုက်ကာ ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြိုင်ပွဲအားကစားသမားများက သတ်မှတ်တီခုံများမှ စတင်ကာ ပါဝင်ယှဉ်လျက်ရှိကြပြီး ဂေါက်သီးရိုက်ပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစား သမား  ၉၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)