MNP ၊ မတ် ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူ များမွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင် ရန်အတွက် ကူးစက်ရောဂါကြိုတင်ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြစ်ဖျားကျေးရွာအုပ်စုသို့ သွားရောက်၍ နွားကောင်ရေ (၁၁၀) အား ပေါင်ပုပ် လက်ပုပ်ရောဂါနှင့် ဒေါင့်သန်းနာရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးပြီး နွားခြံများအား ပိုးသတ်ဆေးများ ဖြန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများထိုးနှံပေးရာတွင် ငဖဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးနှင့် ဝန်ထမ်းများဦးဆောင်ပြီး တိရစ္ဆာန်ကျန်းမာရေး လုပ်သားများပူးပေါင်းကာ မြစ်ဖျားကျေးရွာအုပ်စု မြစ်ဖျားကျေးရွာနှင့်အလယ်ကျေးရွာများမှ တောင်သူများမွေးမြူထားသော နွားကောင်ရေ (၁၁၀) ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါနှင့် ဒေါင့်သန်းရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး နွားခြံများအားပိုးမွှားရောဂါ ကာကွယ်စေရန် ခြံဖြန်းဆေး ပိုးသတ်ဆေးများ ဖြန်းပေးခဲ့ ကာ ကျွဲ၊နွားများတွင် ဖြစ်ပေါ်တတ်သော ရောဂါများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ပေါင်ပုပ် လက်ပုပ်နှင့် ဒေါင့်သန်းနာ ရောဂါလက္ခဏာများ၊ ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရညီညွတ် မျှတစွာပါဝင်သော အစားအစာကို လုံလောက်စွာကျွေးမွေးရန်နှင့် စနစ်တကျမွေးမြူနည်းများ၊ ကျွဲနွား ကူးစက်ရောဂါသံသယ လက္ခဏာများ စသည်တို့ကို တောင်သူများအား အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
မယု
https://t.me/MyanmarNationalPost
No comments:
Post a Comment