ပေါက်တောမြို့၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ အရင်းမပျောက်မတည်လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ အရင်းမပျောက်မတည်လွှဲပြောင်းပေးအပ်






MNP ၊ မတ် ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် စိုက်ပျိုးရေးမြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်ကြီးကြပ်ရေး ကော်မတီမှ ကျေးရွာကြီးကြပ်မှုကော်မတီ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးကျန်အေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အရင်းမပျောက်မတည်ရန် လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြင့်ဂါရွာဟောင်းကျေးရွာ၊ စက်ကြီးနိုးကျေးရွာ၊ ရှင်ရွာကျေးရွာ၊ပိန္နဲချောင်းကျေးရွာ နှင့် ယာတိုက်ကျေးရွာများသို့ ကျေးရွာတစ်ရွာလျင် ငွေကျပ်သိန်း ၆၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း ၃၀၀၀ ကို တာဝန်ရှိသူ မြို့နယ်ကြီးကြပ်ရေးကော်မတီမှ  ကျေးရွာကြီးကြပ်မှုကော်မတီသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ကြသည်။


ဆက်လက်ပြီး ရန်ပုံငွေထိန်းသိမ်းရေးနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများဆိုင်ရာ သင်တန်းဖွင့်လှစ်ပြီး နိုင်ငံ့စီပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် စပ်လျှဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား သင်တန်းပို့ချခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)