ကာဂျစ္စတန်နဲ့ပွဲစဉ် သရေရလာဒ်ဖြင့် ကျေနပ်ခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်အသင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာဂျစ္စတန်နဲ့ပွဲစဉ် သရေရလာဒ်ဖြင့် ကျေနပ်ခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်အသင်း






Hero Tri Nation International Football Tournament ပြိုင်ပွဲဝင် မြန်မာလက်ရွေးစင်အသင်းဟာ အိန္ဒိယ၊ ကာဂျစ္စတန် တို့နဲ့ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ယနေ့ ကာဂျစ္စတန် နဲ့ ကစားတဲ့ ပွဲမှာ မြန်မာအသင်းက အနိုင်ရလာဒ် သေချာခဲ့ပေမယ့် (၁-၁) အရေရလာဒ်နဲ့သာ ကျေနပ်လိုက်ရပါတယ်။

ပြိုင်ဘက် အန္ဒိယ၊ ကာဂျစ္စတန်တို့နဲ့ ယှဉ်ပြိုင်တဲ့ နှစ်ပွဲမှာ အိန္ဒိယကို (၁-ဝ) နဲ့ ရှုံးခဲ့ရပေမယ့်လည်း အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ကာဂျစ္စတန်နဲ့ ပွဲမှာတော့ ပထမပိုင်းမှာကတည်းက ကျော်မင်းဦး ပင်နယ်တီသွင်းခွင့်ရခဲ့ပေမယ့် ဘားတန်းထိပြီး ပြန်ထွက်ခဲ့တဲ့ အခြေအနေကြောင့် အနိုင်ဂိုး မရခဲ့ပါဘူး။ ဒါဟာလည်း အပြစ်တင်စရာတော့ မရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ စိတ်လှုပ်ရှားတဲ့အတွက်ကြောင့် အတိမ်းအစောင်း ဖြစ်တတ်ပါတယ်။

ဟိန်းဖြိုးဝင်း (ကျောနံပါတ် - ၂) အကောင်းဆုံး လိမ်ညာလှည့်ပတ်ပြီး ယူလာတဲ့ ဘောလုံးကို မောင်မောင်လွင် က အောင်သူထံ အကောင်းဆုံး ဖန်တီးပေးပို့လိုက်တဲ့ တစ်လုံးဟာလည်း ဘားတန်းကျော်ထွက်သွားတဲ့ အတွက်ကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ မိနစ် (၈၀) မှာ အောင်သူ က အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

ပွဲချိန်ပြည့်လို့ အချိန်ပို (၄)မိနစ်မှာ ကာဂျစ္စတန်အသင်းက ဖိကစားလာပြီး ချေပဂိုးရယူသွားခဲ့အတွက် မြန်မာအသင်းအနေနဲ့ သရေရလာဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒီနှစ်ပွဲစလုံးမှာ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်သူကတော့ ကျောနံပါတ်(၂) ဟိန်းဖြိုးဝင်း ပဲ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ ပွဲစဉ်မှာလည်း နောက်တန်းကနေ ရှေ့တန်းအထိ တောက်လျှောက်လိုက်ကစားပြီး တစ်ဖက်အသင်းကို ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပါတယ်။ ကာဂျစ္စတန်နဲ့ ပွဲမှာလည်း အကောင်းဆုံး ခြေစွမ်းပြပြီး နောက်တန်းကနေ ရှေ့အထိ လိုက်ပါကစားပြီး ဖန်တီးပေးပို့မှုတွေလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အသင်းလိုက် စုစည်းမှု မှာ အချိတ်အဆက် အနည်းငယ်လွဲချောင်မှုတွေ ရှိနေပေမယ့် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင် ခဲ့ကြပါတယ်။ အားကစားသမား တစ်ယောက်ချင်းစီရဲ့ ကြိုးစားမှုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီနှစ်ပွဲစလုံးမှာ မြန်မာအသင်းရဲ့ အကောင်းဆုံး ကစားသမားဆိုရင်တော့ ကျောနံပါတ်(၂) ဟိန်းဖြိုးဝင်း ကို ပြောရမှာ ဖြစ်ပါတယ်။

နိုင်ငံဂုဏ်ဆောင် အားကစားသမားတွေကို ထိုက်တန်တဲ့ ဂုဏ်ပြုမှုတွေနဲ့ ဂုဏ်ပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)