နေပြည်တော်ကောင်စီအဖွဲ့၀င်ဦးမြင့်စိုး ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့၀င်ဦးမြင့်စိုး ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုအားပေး




MNP ၊ မတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ‌ဖြေဆိုနေလျက်ရှိသည့် သံဃာတော်များနှင့် သီလရှင်များအား နေပြည်တော်ကောင်စီအဖွဲ့၀င်ဦးမြင့်စိုးနှင့် တာ၀န်ရှိသူများက ယနေ့မွန်းလွဲပိုင်းက ကြည့်ရှုအားပေးခဲ့သည်။


ပျဉ်းမနားမြို့နယ် အစိုးရဓမ္မာစရိယ စာဖြေဌာန၌ စာရင်းသွင်း သံဃာ​တော်များနှင့် သီလရှင် (၂၆၉)ပါးရှိပြီး ဖြေဆိုသူ (၂၃၄)ပါး ဝင်ရောက်ဖြေဆိုတော်မူကြသည်။ စာဖြေ သံဃာတော်များနှင့် သီလရှင်များအားဩဝါဒစရိယ ဆရာတော်ကြီး ၄ ပါး၊ အထူးကြီးကြပ်ရေး ဆရာတော်၉ပါး၊ ကြီးကြပ်ရေးဆရာတော် ၁၂ပါး နေပြည်တော် သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ မြို့နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို မတ်လ ၂၁ ရက်နေ့မှ ၃၀ရက်နေ့အထိဖြေဆိုသွားရမည်ဖြစ်ကြောင်း  မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။


မျိုးသီဟ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)