လင်းခေးမြို့နယ် နားကုန်းကျေးရွာ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

လင်းခေးမြို့နယ် နားကုန်းကျေးရွာ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ဆောင်ရွက်

23

24

25


MNP ၊ မတ်  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေး ခရိုင်၊ လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူတို့က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၉ နာရီကနားကုန်း ကျေးရွာဈေးအနီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါဆောင်ရွက်ရာတွင် ဆီမီးလောင်ကျွမ်းမှုအား(DCP) မီးသတ်ဆေးဗူးအားအသုံးပြု၍ မီးငြိမ်းသတ်ခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြခြင်း၊ ကျေးရွာပြည်သူလူထုများအား ကိုယ်တိုင်မီးငြိမ်းသတ်စေခြင်းတို့ကို အသိပညာပေးဆောင်ရွက်စေခဲ့ပါသည်။ ဆက်လက်ပြီး မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ပြသပေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးနေခြည်၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးရဲလင်းထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က နားကုန်းဈေးအတွင်း မီးဘေးလုံခြုံရေးလှည့်လည်စစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာ ဟောပြောခြင်းများနှင့် ကျေးရွာအရန်မီးသတ်အဖွဲ့အား မီးသတ်ဝတ်စုံဆိုင်ရာ ပစ္စည်းအချို့ ထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။


ယင်းသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ နားကုန်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဈေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့် ကျေးရွာပြည်သူလူထုများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


စိုင်းဇော်လတ်

 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages