ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ အစားအသောက်နှင့် ဆေးဝါးများဘေးအန္တရာယ် ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ အစားအသောက်နှင့် ဆေးဝါးများဘေးအန္တရာယ် ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး


MNP   -   မတ်   ၂

ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်နှင့် ဆေးဝါးများဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက် နိုင်ရေး၊ စားသုံးသူပြည်သူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန် အတွက် မတ်လ ၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။


ထို့သို့စစ်ဆေးရာတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများ၊ ခရိုင်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက အမှတ်(၁) မြို့မဈေးကြီးအပါအဝင် ယာယီပျံကျဈေးများ၊ မြို့ပေါ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်များနှင့် စားသုံးကုန်ပစ္စည်း အရောင်းဆိုင်များ၌ ကျန်းမာရေးနှင့် ညီညွှတ်မှုရှိသည့် အသား၊ ငါးများ ရောင်းချခြင်းရှိ/မရှိ၊ သက်တမ်း လွန်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်သိမ်းဆည်းထားခြင်း ရှိ/မရှိ၊ သတ်မှတ်ကုန်ညွှန်းအမှတ်များ ပြည့်စုံစွာဖော်ပြ ထားခြင်းရှိ/မရှိ အခြေအနေတို့ကို လှည့်လည်စစ်ဆေးကြပြီး စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဘာမီသာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)