ပင်လောင်းဒေသမှ စစ်ဘေးရှောင် ပအိုဝ်းပြည်သူများထံ သွားရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းဒေသမှ စစ်ဘေးရှောင် ပအိုဝ်းပြည်သူများထံ သွားရောက်လှူဒါန်း






MNP ၊ မတ် ၂၈

တောင်ကြီးမြို့မှ ပအိုဝ်းတိုင်းရင်းသားများ စုပေါင်းပြီး နောင်တရားမြို့မှာ တိမ်းရှောင်နေကြရတဲ့ ပအိုဝ်းစစ်ဘေးရှောင် ပြည်သူများထံ ယနေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သွားရောက်လှူဒါန်းခဲ့တဲ့ ကိုဇော်မင်းနိုင်က "ကျွန်တော်တို့က နောင်တရားမှာ တိမ်းရှောင်နေရသူတွေအတွက် သွားရောက်လှူဒါန်းပေးခဲ့တာပါ။ လှူဒါန်းပေးခဲ့တာကတော့ အဝတ်အစား၊ ဆန်၊ ကြက်သွန် တို့ပါပဲ။ ဆရာတော်ထံမှာပဲ ဆက်ကပ်လှူဒါန်းပေးခဲ့ပါတယ်။" ဟု ပြောသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း KNDF/PDF အကြမ်းဖက်အဖွဲ့များက ဝင်ရောက်လာပြီး နန်နှိမ်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများတွင် ဝင်ရောက်တပ်စွဲကာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံပအိုဝ်းပြည်သူ (၇၀၀၀)ကျော်ခန့်ဟာ ပင်လောင်းမြို့ပေါ်နှင့် နောင်တရားမြို့များသို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြရပြီး ပအိုဝ်းဆရာတော်များနှင့် မြို့ခံပရဟိတအဖွဲ့များက လက်ခံစောင့်ရှောက်ပေးထားရခြင်းဖြစ်သည်။

ပင်လောင်းမြို့နယ်၊ နန်နှိမ်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာတော်(၃)ပါးနှင့် ပအိုဝ်းရွာသား (၂၂)ဦးကို KNDF/PDF အကြမ်းဖက်သမားများက မတ်လ(၁၁)ရက်နေ့က အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြပြီး ရွာအတွင်းရှိနေအိမ်များကို ဖောက်ထွင်းဖျက်ဆီးပြီး စားသောက်ကုန်များနှင့် အဖိုးတန်ပစ္စည်းများကို သိမ်းပိုက်ရယူသွားခဲ့ကြပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ယခုအခါ လုံးပြင်ကျေးရွာအတွင်း KNDF/PDF အကြမ်းဖက်သမား ၈၀ ခန့် ပြန်လည်ဝင်ရောက်နေပြီး နန်နှိမ်ကျေးရွာအတွင်း တပ်မတော်နှင့် ပအိုဝ်းပြည်သူ့စစ်များပူးပေါင်း၍ ဝင်ရောက်ရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ပင်လောင်းမြို့မှ ဆရာတော်ဘဒ္ဒန္တရာဇဂုရုက မြန်မာနေရှင်နယ်ပို့စ်သို့ မိန့်ကြားထားသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)