ဘူးသီးတောင်မြို့နယ် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး စစ်ဆေး အကြံပြုခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး စစ်ဆေး အကြံပြုခြင်းများဆောင်ရွက်




MNP   -   မတ်   ၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက မြတောင်ယာယီနေရပ်စွန့်ခွာသူများစခန်း၌ အသိပညာပေးခြင်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူးဦးသန့်ဇော်ဦးဆောင်၍မီးသတ်တပ်ဖွဲ့ဝင်များက စခန်းရှိနေအိမ်များ၌ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ရေပုံးများ၊ မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်နှင့် လျှပ်စစ်သွယ်တန်းမှုစနစ်တကျရှိ/ မရှိစစ်ဆေးခြင်းနှင့်ဟောင်းနွမ်းနေသော မီးပလပ်/ ခလုတ်များအား လဲလှယ်တပ်ဆင်အသုံးပြုကြရန် မှာကြားစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ စနစ်တကျပြင်ဆင်ထားရှိမှု (လေပေါင်)ရှိ/မရှိစစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာတို့ကို စစ်ဆေးမှာကြားခဲ့ကြပြီး မီးသတ်ဆေးဘူးကိုင်တွယ် အသုံးပြုနည်းများကိုသရုပ်ပြရှင်းလင်းပေးခဲ့ကြောင်းသိရသည်။


လှကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)