MNP ၊ မတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စစ်ကိုင်းတက္ကသိုလ် ဓာတုဗေဒဌာနတို့ ပူးပေါင်း၍ တန်ဖိုးမြှင့်စားသောက်ကုန် (သီးနှံအခြေခံ) ယို၊ ဖျော်ရည် အမျိုးမျိုးထုတ် လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က သက်ဆိုင်ရာဌာနနှင့် ပူးပေါင်း၍ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာတွေကို သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိလာတဲ့ ပညာရပ်တွေကို မိမိတို့ရဲ့ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် ဆောင်ရွက်လုပ်ကိုင်သွားကြပြီး အောင်မြင်တဲ့လုပ်ငန်းရှင်များ ဖြစ်အောင်ကြိုးစားသွားကြပါလို့ ဆွေးနွေးပြောကြားလိုကြောင်း၊ သင်တန်းနည်းပြဆရာများ ကိုလည်း မိမိတို့တက္ကသိုလ်မှ အထူးဝမ်းသာဂုဏ်ယူမိပါကြောင်းနှင့် သက်ဆိုင်ရာဌာနကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ပြောကြားကာ စစ်ကိုင်းခရိုင် အသေးစား စက်မှုလက်မှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ စစ်ကိုင်းတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက သင်တန်းမှရရှိသည့် စားသောက်ကုန်များကို လည်းကောင်း ပေးအပ်ရာ သင်တန်းသူများက လက်ခံပေးခဲ့ကြသည်။
အဆိုပါသင်တန်းသို့ စစ်ကိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြားဖိတ် ကြားထားသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment