ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်



MNP ၊ မတ် ၃၁

ချင်းပြည်နယ်၊ ဟားခါးမြို့၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်၏ ဝမ်းစာဖူလုံမှုသည် ၅၀ ရာခိုင်နှုန်းအောက် လျော့နည်းနေပြီး တီးတိန်ခရိုင်တွင် ၆၀ ရာခိုင်နှုန်းကျော် ရှိနေပါကြောင်း ၊ ပလက်ဝခရိုင်တွင် စိုက်ဧကများသော်လည်း အထွက်နှုန်းနည်းနေ ပြီး မင်းတပ်ခရိုင်တွင် စိုက်ဧက နည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ချင်းပြည်နယ်တွင် စုစုပေါင်း မြေဧရိယာဧက ၈၉ သိန်းကျော်ရှိသည့်အနက် စိုက်ပျိုးခြင်းပြုလုပ်နိုင်သော မြေဧရိယာဧကမှာ ၁ သိန်းကျော်သာရှိ၍ ရာခိုင်းနှုန်းအားဖြင့် ၂ ရာခိုင်းနှုန်းသာ ရှိနေကြောင်း၊ စိုက်ဧကတိုးချဲ့နိုင်ရေး အတွက် ကန့်သတ်ချက်များရှိနေသည့်ပြင် ရေရရှိမှုအခြေအနေအရသော်လည်းကောင်း၊ ပထဝီ အနေ အထားအရသော်လည်းကောင်း အခက်အခဲများရှိနေပါကြောင်း၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန၏ ပြုစုထားသော (၅) နှစ်တာ စိုက်ပျိုးရေးတင်ပြချက်ကို လေ့လာရာတွင် မိုးစပါးစိုက်ပျိုးမှုသည် အဓိကဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ချင်းပြည်နယ်တွင် ၂၀၁၆ ခုနှစ် အတွင်း မိုးစပါးစိုက်ဧက ၈ သောင်းခွဲကျော်ရှိသော်လည်း နှစ်စဉ်စိုက်ဧက လျော့နည်းလာပြီး ၂၀၂၀− ၂၀၂၁ ခုနှစ်တွင် (၆၈၀၀၀) ဧကရှိ၍ ၂၀၂၂−၂၀၂၃ ခုနှစ်တွင် (၄၅၀၀၀) ဧကသာ စိုက်ပျိုးနိုင်သဖြင့် စိုက်ဧက သိသိသာသာ လျော့နည်းလာသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်သည် မိုးရေကို အဓိကထား၍ စိုက်ပျိုးသည့်ပြည်နယ်ဖြစ်သဖြင့် ရေလိုအပ်မှုနည်းသော သီးနှံပင်များ စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်များရရှိရေးနှင့် အလေအလွင့်နည်းပါးရေးအတွက် လိုအပ်သည့် နည်းပညာများ ရရှိရေးတို့ကို အဓိကလိုအပ်နေသည်ကို တွေ့ရှိရပါကြောင်းနှင့် အစည်းအဝေး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။


ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ ဌာနအလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြ သည်။  


ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းသိန်းနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းတို့က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)