ရွှေတောင်မြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်






MNP ၊ မတ် ၂၈

           ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊‌ရွှေတောင်မြို့နယ်၌  အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ  ကို ယနေ့နံနက် ၉နာရီက အ.ထ.က  ရွှေတောင် ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


          ရှေးဦးစွာ ရွှေတောင်မြို့နယ်ပညာရေးမှူး ဦးကျော်ဦးက  အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲနှင့်ပတ်သက်၍ ဆရာ၊ဆရာမများအနေဖြင့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ  စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် နှင့် အပြန်အလှန်ဆွေးနွေးရာတွင်လည်း တက်ကြွစွာ ဆွေးနွေးပြောဆိုကြရန် မှာကြားခဲ့သည်။


         အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင်  နည်းပြဆရာ/ဆရာမ  ၂၉ ဦးတို့က  ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ မိတ်ဆက် ၊သူငယ်တန်း (KG) သင်ယူမှုလုပ်ငန်းများနှင့် စစ်ဆေးအကဲဖြတ်ခြင်း၊ မူလတန်းအဆင့်အတန်းစုံ ဘာသာရပ်အစုံ ၊ ကျောင်းအခြေပြု စဉ်ဆက်မပြတ် ဆရာ့အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် (CPD) စစ်ဆေးအကဲဖြတ်ခြင်း နှင့် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း စသည့်ဘာသာရပ်များကို  ရွှေတောင်မြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ်များ နှင့် မူလတန်းအဆင့်သင် ဆရာ၊ဆရာမ  ၈၅၁ ဦးအား ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။ ဆွေးနွေးပွဲ ကာလမှာ မတ်လ  ၂၈ ရက်မှ  မတ်လ  ၃၁ရက် နေ့အထိ (၄)ရက်တာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)