ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနက မိုးရာသီလူထုဖြန့်ဝေပေးရန်နှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးပျိုးပင်ပေါင်း (၅၀၀၀၀) ပျိုးထောင်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနက မိုးရာသီလူထုဖြန့်ဝေပေးရန်နှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးပျိုးပင်ပေါင်း (၅၀၀၀၀) ပျိုးထောင်ထားရှိ


MNP ၊ မတ် ၂၇

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အကောင်အထည်ဖော်နိုင်ရန်နှင့် မိုးရာသီ ပြည်သူလူထုထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ရန်အတွက် ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိရုံး မြို့မပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၅၀၀၀၀) ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


ထိုသို့ပျိုးထောင်ထားရှိရာတွင် ကျွန်း(၃၅၀၀၀)၊ မန်ဂျန်ရှား (၉၀၀၀)၊ ပိတောက်(၅၀၀)၊ ပျဉ်းအတိုး(၂၅၀၀)၊ ယမနေ(၁၅၀)၊ မဟော်ဂနီ(၃၀၀)၊ ယင်းမာ(၂၀၀)၊ မြန်မာကုက္ကို(၂၅၀)၊ ပျဉ်းမ (၃၅၀)၊ မယ်ဇယ် (၅၀၀)၊ တမလန်း (၅၀) နှင့် အခြားအရိပ်ရလေကာပင်များဖြစ်သော ကံ့ကော်(၂၅၀)၊ ရေတမာ(၃၀၀)၊ သပြေ(၂၀၀)၊ ဗန်ဒါ(၁၅၀)၊ စိန်ပန်းကြီး (၂၀၀) နှင့် ပုန်းညှက် (၁၅၀) ပင်တို့ကို ပျိုးထောင်ထားရှိ‌ကြောင်းနှင့် မိုးရာသီဇွန်လဆန်းတွင် သစ်ပင်စိုက်ပျိုးမည့် ဌာနဆိုင်ရာ ရုံးများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


သန်းထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)