ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ


MNP ၊ မတ်  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာကြီးသော်တာဆွေရေးသားသော စာပေဆွေးနွေးပွဲစာအုပ်ဖြင့်စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝင်းအိမွန်က မြို့နယ်စာရေးဆရာအသင်း၊ စာပေပညာရှင်များနှင့် စာပေချစ်မြတ်နိုးသူများကို ယခုကဲ့သို့စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခြင်းကြောင့် စာပေဗဟုသုတများတိုးပွားလာခြင်း၊ စာပေအမြင်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးနိုင်ခြင်း၊ အတွေးအခေါ်စာပေကဏ္ဍတိုးပွားလာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းတွင်ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်စာရေးဆရာအသင်းမှ ဦးလပြည့်ဇင်စာရေးကလောင်အမည် လက်ယာ(မေတ္တာတံခွန်)မှဆွေးနွေးရာတွင် စာရေးဆရာကြီးသော်တာဆွေ၏ စာပေဆွေးနွေးပွဲစာအုပ်ဖြင့် ယခင်နှင့်ယနေ့ခေတ်ကဗျာများ ကာရံရသဘယ်လိုကွားခြားပါသလဲ မေးခွန်းဆွေးနွေးမှုများအပြင်တက်ရောက်လာကြသောစာပေပညာရှင်၊ မြို့နယ်စာရေးဆရာအသင်းနှင့်စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအမေး/အဖြေဆွေးနွေးမှုမှ မည်သည့်စာပေမဆိုလူတန်းစားမရွေး ထိုက်ထိုက်တန်တန်ဖတ်ရင်ထိုက်ထိုက်တန်တန်အကျိုးပြုကြောင်း၊ စာပေသင်တန်းပေးလျှင်စာရေးဆရာတွေဖြစ်လာနိုင်ကြပါသလား ဆွေးနွေးမှု၊ အရက်သောက်စဥ်ရေးသောစာနှင့် အရက်မသောက်ပဲရေးတဲ့စာဘယ်လိုကွာခြားပါသလဲ မေးမြန်းမှုတွင်စာရေးဆရာကြီးသော်တာဆွေဖြေကြားမှု၌ အရက်သောက်ပါကစာရေးစာဖတ်ခြင်းပြုလုပ်၍မရပါကြောင်းနှင့် အရက်သောက်ဖို့မတိုက်တွန်းကြောင်း၊ သောက်တက်လျှင်ဆေး၊ မသောက်တက်လျှင်ဘေးဖြစ်ပါကြောင်း စာပေဆွေးနွေးပွဲစာအုပ်တွင်ပါရှိသောအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


အဆိုပါ စာပေဆွေးနွေးပွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ We Love East Dagon Page နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဝင်းအိမွန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)