ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့်အခြေခံပညာ ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့်အခြေခံပညာ ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲပြုလုပ်





MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌  မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မောင်တောခရိုင် ပညာရေးမှူး ဦးချစ်သိန်းက သင်တန်းဖွင့်ပွဲနှင့်စပ်လျဉ်း၍ ယခု ဘာသာရပ် စွမ်းရည် မြှင့်သင်တန်းတွင်  ဆရာဆရာမများ အနေဖြင့် မိမိတို့ဘာသာရပ် စွမ်းရည်မြှင့်တင်နိုင်ရေး အတွက် သင်တန်းသားများ အချင်းချင်း တစ်ဦး နှင့် တစ်ဦး အပြန်အလှန်ဆွေးနွေးကြစေလိုကြောင်း ၊ မိမိတို့၏ သင်ကြားမှု သင်ယူမှု နည်းစနစ်များ ၊ အတွေး အခေါ်ကောင်းများလိုအပ် ပါကြောင်း ၊ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး ဆရာ၊ ဆရာမများ အနေဖြင့် အမြဲတမ်း ပညာရပ်များကို လေ့လာသင်ယူကြစေရန် ၊ မိမိတို့ ကျောင်းအတွင်း စွမ်းရည်မြှင့်မားသော ကျောင်းသား၊ကျောင်းသူ များပေါ်ထွန်းလာအောင် စနစ်တကျသင်ကြားပို့ချရန် နှင့် သင်တန်းတွင် စည်းကမ်းများ နှင့် အညီ လိုက်နာ သင်ယူ ကြရန် လိုကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်းက  ထပ်ဆင့် အမှာစကား ပြောကြားခဲ့ပြီး  ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်လင်းဦးက သင်တန်းစည်းကမ်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ သည်။ 


အဆိုပါ ဆွေးနွေးပွဲကို အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ဆရာ၊ဆရာမ စုစုပေါင်း ၆၄၁ ဦး တက်ရောက်လျက်ရှိပြီး နည်းပြ  ၂၁ ဦးက ဦးဆောင်ဆွေးနွေးမည် ဖြစ်ပြီး ဆွေးနွေးပွဲကာလမှာမတ်လ ၂၈ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ၄ ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန်

 https://t.me/MyanmarNationalPost














No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)