MNP - မတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် မြို့သူမြို့သားများ၊ သာသနာ့နုဂ္ဂဟအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များ၊ တောင်ခြေအနီးနားရှိ ရွာသူရွာသားများ၊ ဗုဒ္ဓဘာသာဝင်များအားလုံးက စုပေါင်းပြုလုပ်မည့် မြို့အဝင် လွိုင်ဆမ်ဆစ်တောင်ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော ငြိမ်းချမ်းရေးစုတောင်းပြည့် ရန်ပြေမာန်ပြေ စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပွဲနှင့် အနေကဇာတင်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓသိသေကမင်္ဂလာ အလှူပွဲကျင်းပရာတွင် ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးမှူ ဦးမောင်မောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်တို့က ဦးဆောင်၍ ထီးတော်သစ်ကို တင်လှူပူဇော်ခဲ့ပြီး၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ပင့်သံဃာအပါး(၄၁)ပါး၊ မြို့နယ်သာသနာရေးမှူးနှင့် ပြည်လုံးချမ်းသာ ကျောင်းတိုက် ဂေါပကအဖွဲ့ဝင်များ၊ တအာန်း ပလောင်ယဉ်ကျေးမှုအဖွဲ့နှင့် မန်နောင်ကျေးရွာ၊ ဟွေအစ်ကျေးရွာ၊ နမ့်ဟူးလုံကျေးရွာ၊ တုံဆင်လုံကျေးရွာ၊ ကုန်းဆာကျေးရွာ၊ မန်တုံကျေးရွာတို့မှ ဗုဒ္ဓဘာသာကြည်ညိုသူ ဒေသခံပြည်သူများက ဖူးမျှော် ကြည်ညိုခဲ့ကြရာ နံနက် (၀၉:၄၀) အချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေ့လည်(၁၃:၀၀)ချိန်တွင် အလှူရေစက်ချတရားနာ အခမ်းအနား ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဌေးဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment