အမ်းမြို့နယ်၌ နွေရာ သီကျောင်းပိတ်ရက်ကာလတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အမ်းမြို့နယ်၌ နွေရာ သီကျောင်းပိတ်ရက်ကာလတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်ပို့ချ

142

143

144

145


MNP ၊ မတ်  ၁၆

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်နွေရာသီ ကျောင်း ပိတ်ရက်ကာလ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့နေ့လယ်အချိန်က ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။


 နွေရာသီကျောင်း ပိတ်ရက်ကာလအ တွင်း ကျောင်းသား ကျောင်းသူများအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းအတတ်ပညာများကို အခြေခံမှစပြီး သိရှိကာ စနစ်တကျရေးဆွဲတတ်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်သည်။


 အခြေခံပန်းချီရေးဆွဲ နည်းသင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက နွေရာသီကာလတွင်အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရေး၊ အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ပြည်သူစာကြည့်တိုက်သို့လာရောက်ပြီး စာပေဗဟုသုတများကို လေ့လာဖတ်ရှုနိုင်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါသင်တန်းကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး  မြို့ပေါ်ရပ်ကွက်များရှိ  ကျောင်းသားကျောင်း သူ(၂၅)ဦး တက်ရောက် ၍  မတ်လ (၁၆)ရက်နေ့မှ(၂၀) ရက်နေ့အထိ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages