၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသမိုင်းဘာသာရပ်အား (၄၁၈)ဦး အေးချမ််းစွာဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသမိုင်းဘာသာရပ်အား (၄၁၈)ဦး အေးချမ််းစွာဖြေဆို




MNP ၊ မတ်  ၁၇

၂၀၂၂ - ၂၀၂၃၊ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့ နံနက် ၉နာရီမှ စတင််ဖြေဆိုလျက်ရှိရာ ရမ်းဗြဲမြို့နယ်အတွင်းရှိ စာစစ်ဌာန ၃ - ခုတွင် ကျောင်းသား/ကျောင်းသူ (၄၁၈)ဦး အေးချမ်းစွာဖြေဆိုလျက်ရှိသည်။


ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ၃ - ခု၌အထက၊ရမ်းဗြဲ ၊စာစစ်ဌာန၌ သမိုင်းဘာသာရပ်ကိုဝင်ရောက်ဖြေဆိုသူ(၃၀၂ )ဦး၊ ပျက်ကွက်သူ (၅၈)ဦးရှိပြီး၊ အထက၊ ကျောက်တွေစာစစ်ဌာန၌ဝင်ရေက်ဖြေဆိုသူ(၇၄)ဦး၊ ပျက်ကွက်(၆)ဦးနှင့်အထက၊ ကျောက်နီမော်စာစစ်ဌာနတွင်ဖြေဆိုသူ( ၃၄ )ဦးဖြေဆိုကြပြီး ပျက်ကွက်သူ( ၉ )ဦးရှိရာ၊ ရမ်းဗြဲမြို့နယ်၌ သမိုင်းဘာသာရပ်ကို စုစုပေါင်းဝင်ရောက်ဖြေဆိုသူ(၄၁၈)ဦး ဖြေဆိုလျက်ရှိပြီး ပျက်ကွက်သူ (၇၃)ဦးဖြစ်သည့်အတွက်ဖြေဆိုရာခိုင်နှုန်းမှာ ၈၅.၁၃ ရှိကြောင်းသိရသည်။


အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ််းသာစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


အောင်နိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)