ပေါက်တောမြို့နယ်၌ သဘာဝမပျက် သီးနှံစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ သဘာဝမပျက် သီးနှံစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်





MNP   -   မတ်   ၂

   ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ၊ ရေရှည်တည့်တံ့သောစိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူဖြစ်စေရန် သဘာဝမပျက် သီးနှံစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ မြို့မတောင်သူပညာပေးစခန်း၌ ဖွင့်လှစ်ကြောင်းသိရသည်။


ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦး အောင်သန်းဌေးက သဘာဝမပျက် သီးနှံစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်ရ​ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စစ်တွေခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ပိုးမွှားတာဝန်ခံ ဦးစီးအရာရှိ ဒေါ်နီနီဝင်း နှင့် ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အဝိုင်းချေ တို့က သက်ဆိုင်ရာ သဘာရပ်အလိုက်ပို့ချ​ဆွေးနွေးကြသည်။ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် သဘာဝမြေဩဇာပြုလုပ်ခြင်း၊Super EM ပြုလုပ်သုံးစွဲနည်းကို လက်တွေ့သင်ကြားပို့ချဆွေးနွေးကြသည်။


အဆိုပါ သင်တန်းသို့ ပေါက်တောမြို့နယ်အတွင်းရှိ စိုင်းတုတ်ကျေးရွာ၊ကျောက်ဆိပ်ကျေးရွာ၊တောင်ညိုကျေးရွာများမှ ဒေသခံတောင်သူ (၅၀)ဦး နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်များတက်ရောက်ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)